ခပ်မိုက်မိုက်လူကြမ်းလေးစတိုင်နဲ့ ပျိုမဒီတို့ရဲ့ နှလုံးသားကိုဖမ်းစားမယ့် ရွှေထူး

ဆယ်ကျော်သတ်ကောင်မလေးတွေကြားမှာအရမ်းကို ရေပန်းစားနေတဲ့ တေးသံရှင် ရွှေထူးကတော့ လူငယ်ပီပီ အရမ်းလန်းတွေတေးသီချင်းတွေ ဖန်တီးလေ့ရှိတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ပရိသတ်ရင်ကိုထိစေမယ့် ခံစားချက် သီချင်းစာသားတွေနဲ့ ရွှေထူးရဲ့ သီချင်းလေးတွေကတော့ လူငယ်တွေအပြင် လူလတ်ပိုင်းတွေပါ အကြိုက်တွေ့ နေတာပဲ ဖြစ်ပါတယ်။ရွှေထူးကတော့ ပရိသတ်အားပေးချစ်ခင်မှုတွေနဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်(၂)ခွေကို တောင်မှ ပရိသတ်တွေထံ ဖြန့်ချီနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ဂီတလောကမှာအောင်မြင်မှုတွေရရှိနေတဲ့ ရွှေထူးကတော့ အနုပညာကိုရူးသွပ်တဲ့ လူငယ်တစ်ယောက်ဖြစ်တာ ကြောင့် နောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်လာတာပဲ ဖြစ်ပါတယ်။ရွှေထူးရဲ့ ပထမဆုံးပွဲဦး ထွက်ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ ပက်ပက်စက်စက်ညို့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုများစွာရရှိခဲ့တယ်လို့ ဆိုရပါမယ်။နောက်ပိုင်းမှာလည်း သူနဲ့ လိုက်ဖက်တဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ပြီး ဇာတ်ကားတွေဆက်လက် ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။

 

လက်တလောကမှာတော့ ရွှေထူးတစ်ယောက် ချောင်းသာကမ်းခြေမှာ အပန်းဖြေဖို့ရောက်ရှိနေတာပဲ ဖြစ်ပါ တယ်။လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေနဲ့ အတူပျော်ပျော်ပါးပါးခရီးထွက်လာကြတာပဲဖြစ်ပါတယ်။ လူငယ် ဆိုတဲ့အတိုင်း အမြဲပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျတဲ့ ဖက်ရှင်လေးတွေနဲ့ လန်းနေသူလေးပဲ ဖြစ်ပါတယ်။ ရွှေထူးရဲ့ ကမ်းခြေရောက်အလန်းစားပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။

Credit – MyanmarLoad

%d bloggers like this: