အကောင့်တုတွေနဲ့ လိမ်ပြီးအလှူခံနေကြတာကို ရှင်းပြလိုက်တဲ့ စိုင်းဆိုင်မောဝ်

အဆိုတော်ဟောင်း စိုင်းဆိုင်မောဝ်တစ်ယောက်ကတော့ ကျန်းမာရေးမကောင်းတဲ့ပုံတွေကို အသုံးပြုပြီး လိမ်ညာလုပ်စားခံနေရတယ်လို့ သိရပါတယ်။ ဆိုင်းစိုင်မောဝ်က အဆုတ်ရောဂါ၊ လေဖျန်းရောဂါတွေ ခံစားနေရပြီး အားနည်းချိနဲ့နေတာ ဖြစ်ပါတယ်။

သူက ဖေ့စ်ဘွက်အကောင့်တစ်ခုလည်းဖွင့်ထားပါတယ်။ သူ့အကောင့်စစ်ကနေ ခုလိုပဲ လုပ်စားခံနေရကြောင်း အသိပေးလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကမှ စိုင်းဆိုင်မောဝ်ကျန်းမာရေးမကောင်းဘူးတဲ့ သတင်းတစ်ပုဒ် ဓာတ်ပုံများနဲ့အတူ ဖေ့စ်ဘွက် လူမှုကွန်ယက်မှာ ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ရုပ်ဟာ အင်မတန်ချိနဲ့နေပြီး ပရိတ်သတ်တွေက သနားခဲ့ကြပါတယ်။ ဒါကို မသမာသူတွေက အကောင့်တုတွေနဲ့ လုပ်စားအလှူခံကြတာဖြစ်ပါတယ်။

နာမည်​တူ ACCOUNT အတုများဖြင့်​ စိုင်းဆိုင်​​မောဝ်​ဓာတ်​ပုံများအသုံးပြုကာ အလှူ​ငွေများလက်​ခံလုပ်​စား​နေပါသဖြင့်​ ​တေးသံရှင်​စိုင်းဆိုင်​​မောဝ်​၏ACCOUNT အမှန်​မှာ ယခုACCOUNT သာလျှင်​ဖြစ်​​ကြောင်း ​ကြေငြာအပ်​ပါသည်​ ​စိုင်းဆိုင်​​မောဝ်​နှင့်​ပတ်​သတ်​​သောအ​ကြောင်းအရာကိုသိလိုပါက COMMENT တွင်​လည်း​ကောင်းCHAT BOXတွင်​လည်း​ကောင်းဝင်​​ရောက်​​မေးမြန်းနိုင်​ပါသည်​ 095032999 ကိုလည်းဆက်​သွယ်​​မေးမြန်းနိုင်​ပါသည်​ ဤACCOUNT မဟုတ်​​သောACCOUNTများ ဖုန်းနံပါတ်​များသည်​ စိုင်းဆိုင်​​မောဝ်​နှင့်​လုံးဝ လုံးဝမသက်​ဆိုင်​ပါ​ကြောင်း… ​ယခုပို့စ်​ကိုSHARE ​ပေး​စေချင်​ပါသည်​ စိုင်းဆိုင်​​မောဝ်​ ဆိုပြီး အကောင့်စစ်မှာ ရေးသားထားပါတယ်။

%d bloggers like this: