မန္တလေးသင်္ကြန်မှာ ဖျော်ဖြေဖို့အတွက် သီချင်းကျက်နေတဲ့ သရုပ်ဆောင် ရဲတိုက်

သရုပ်ဆောင် ရဲတိုက်တစ်ယောက်ကတော့ လာမည့် မန္တလေးသင်္ကြန်မှာ ပါဝင်ဖျော်ဖြေမယ်လို့ သိရပါတယ်။ ဒါကြောင့် သီချင်းတိုက်နေတယ်ဆိုပြီး ဗီဒီယိုဖိုင်တစ်ခုကို သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာမှာ ဒီနေ့ပဲ တင်ထားတာတွေ့ရပါတယ်။ ဒါဟာ သူ့အတွက်ပထမဆုံးဖျော်ဖြေရမှာလို့လည်း ဖေ့စ်ဘွက်မှာ ရေးထားတာကို တွေ့ရပါတယ်။

သရုပ်ဆောင်အဖြစ်နဲ့ ဇာတ်ကားအချို့ရိုက်ကူးခဲ့ပြီး နောက်ပိုင်း လမ်းကြောင်းမှာကာ အမှုတွေ တစ်ခုပြီးတစ်ခုဖြစ်ခဲ့ရာက နောက်ဆုံး ထောင် ၄ နှစ်ကျော်ကျခဲ့ပြီး ပြီးခဲ့တဲ့ လအနည်းငယ်ကမှ ပြန်လွတ်လာခဲ့ပါတယ်။ သာသနာညစ်နွမ်းစေမှု၊ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုတွေနဲ့ ထောင်ကျခဲ့ပေမယ့် သူ့ရဲ့ ထောင်မှ အိမ်အပြန်လမ်းကတော့ သာယာခဲ့ပါတယ်။ သူ့ကို စောင့်မျှော်နေတဲ့ ပရိတ်သတ်တွေက ဝမ်းသာအားရ ကြိုဆိုခဲ့ကြပါတယ်။

 

လူစိတ်ဝင်စားမှုများတာကြောင့် ထောင်ကထွက်ထွက်ချင်း မကြာခင်မှာပဲ ကြော်ငြာတွေရိုက်ကူးခဲ့ရပြီး ရုပ်ရှင်ရိုက်ဖို့ စိတ်ဝင်တစားကမ်းလှမ်းတာတွေကိုလည်း ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရိုတိုက်စိတ်က ပုံမှန်မဟုတ်သေးတာကိုတော့ သူ့ရဲ့ ဖန်တွေနဲ့တွေ့ဆုံစဉ် ဗွီဒီယိုဖိုင်တစ်ခုထဲမှာ တွေ့ခဲ့ကြရပါတယ်။

%d bloggers like this: