လက်ပတ်ဆင်တူလေးဝတ်ထားတဲ့ နန်းစုနဲ့ G-Fatt

နာမည်ကျော်အဆိုတော်တွေဖြစ်တဲ့ နန်းဆုနဲ့ G-Fatt တို့နှစ်ယောက်ကတော့ Dynasty ဆိုင်က လက် ဆောင်ပေးတဲ့ ချစ်ဖို့ကောင်းတဲ့ ဆင်တူလက်ကောက်လေးနဲ့ ဓာတ်ဖမ်းထား တာဖြစ်ပါတယ်။ သူမတို့ နှစ်ယောက်ရဲ့အချစ်ရေးဟာ လက်ရှိချိန်ထိ အဆင်ပြေပြေနဲ့ ဖြတ် သန်းနေတာပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်အဝပေးပြီး အတူ တူလက်တွဲလျှောက်လှမ်းနေကြတာ ပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ အဆိုတော်တွေဖြစ်ကြပြီး ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေ တာလည်း အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။

နှစ်ယောက်အတူတူ ဖျော်ဖြေရေးခရီးစဉ်တွေကို သွားကြပြီး ကြည်နူးစရာကောင်းတဲ့ သူမတို့ နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေက တကယ်ကိုအားကျ ချင်စရာကောင်းပါတယ် ပရိတ်သတ် ကြီးရေ။ နန်းစုကို သူမရဲ့ပရိတ်သတ်တွေက လွန်ခဲ့တဲ့ ကိုးနှစ်တာက ပုံလေးတွေနဲ့ လက်ရှိ ပုံတွေနဲ့ ယှဉ်ပြီး အမြဲတမ်းနုပျိုနေတယ်ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါသေးတယ်။ ဘယ်အချိ န်ကြည့်ကြည့် အလှတွေက မရိုးသွားပဲ ပုံစံတစ်မျိုးနဲ့ အမြဲတမ်း ဆွဲဆောင်နိုင်တဲ့ သူမရဲ့ပုံစံ လေးက တကယ်ကို ချစ်စရာကောင်းလွန်းပါတယ်။

သူမတို့နှစ်ယောက်ရဲ့ ဆင်တူလက်ပတ်ဝတ်ထားတဲ့ ပုံရိပ်လေးကို ” Thanks you so much “Dynasty” for this beautiful gold bracelets ! So cute & creative ” ဆိုပြီးတင်ထားတာ ဖြစ်ပါ တယ်။ သူမတို့ရဲ့လက်ပတ်လေးတွေကလည်း တကယ်ကိုချစ်စရာကောင်းလွန်းပါတယ် ပရိတ်သတ်ကြီးရေ။ သူမတို့နှစ်ယောက်ရဲ့ ချစ်ခြင်းဖွဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်။

 

Credit – Myanmarload

%d bloggers like this: