သမီးလေး အတွက် လူထွက်ပြီး ပိုက်ဆံရှာရဦးမယ်၊ အလုပ်လုပ်ရဦးမယ် ဆိုတဲ့ စိတ်ရှိနေပါသေးတယ်

အမှန်တကယ်ကတော့အခုချိန်မှာ တရားအားထုတ်ရတာပဲဖြစ်ဖြစ် နေရထိုင်ရတာပဲဖြစ်ဖြစ်အေးအေးချမ်းချမ်းနဲ့အဆင်ပြေပါတယ်။မထွက်ပဲနဲ့နေလိုက်ရမလားလို့ဆိုတော့လည်းပြန်စဉ်းစားတော့သမီးလေးမွေးခဲ့ပြီးသွားပြီဆိုတော့ဒီသမီးလေးကိုချစ်လည်းချစ်တယ် သတိရလည်းရတယ် သူ့အတွက်စိတ်လဲပူတယ်ပေါ့နော် ဒီနှစ်ကျောင်းပိတ်ပြီးပြန်ဖွင့်ရင် ကျောင်းစရိတ်တွေကလည်း တစ်နှစ်တစ်နှစ်ကို ရာဂဏန်းပေးရတာဆိုတော့ သမီးလေးအတွက်ထွက်ပြီးတော့ပိုက်ဆံရှာရဦးမယ်

အလုပ်လုပ်ရဦးမယ်ဆိုတာကိုတော့တွေးပူမိတာပေါ့နော် အဲ့အတွက် သမီးလေးအတွက်ထွက်ပြီးအလုပ်လုပ်ရဦးမယ်ဆိုတာတော့ရှိပါတယ်။ သမီးလေးနဲ့ဖုန်းတွေလည်းပြောဖြစ်ပါတယ် ၇ လပိုင်း ၈ လပိုင်းလောက်မှပဲကျောင်းပိတ်တာဆိုတော့အဲ့အချိန်မှပဲတွေ့ရမှာပါ ဆရာလေးကိုချစ်သလို သမီးလေးကိုလည်းချစ်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်လို့။ဖြစ်နိုင်ရင်တော့သမီးလေးကိုအနုပညာအလုပ်ကိုမလုပ်စေချင်ဘူးဒါပေမဲ့ ကိုယ့်သမီးဖြစ်နေတဲ့အတွက်သွေးကတော့ကိုယ့်လိုပဲဖြစ်နေတာပေါ့ အဲ့တာကြောင့်သူလုပ်ချင်တယ်ဆိုရင်တော့မတားဘူး အကောင်းဆုံးလမ်းကြောင်းကိုတော့ ဘေးကနေပြီးပံ့ပိုးပေးရမှာပေါ့။

သမီးအတွက်ကိုပဲစိတ်ပူတာပေါ့နော် စိတ်ပူတယ်ဆိုတာဘယ်မိဘမဆိုကိုယ့်သားသမီးကိုဒီလိုကြီးပဲထားခဲ့လို့မရသလိုတာဝန်မကျေလို့လည်းမရဘူး တာဝန်ကျေတာမကျေတာထက်ကို ကိုယ့်သမီးကိုတော့အကောင်းဆုံးပံ့ပိုးချင်တာပေါ့နော်မိဘတစ်ယောက်အနေနဲ့။ တရားအရိပ်မှာနေရတာတော့ဘာနဲ့မှမတူဘူး အကုသိုလ်လည်းကင်းတယ် စီးပွားရေး လူမှု့ရေးဘာမှမစဉ်းစားမိသလောက်တရားမှတ်ပြီးနေရတာဆိုတော့ဒီတရားရိပ်က ဘာနဲ့မှမတူဘူးအရမ်းကိုအေးချမ်းနေတော့ထွက်တောင်မထွက်ချင်ဘူး

ဒါပေမဲ့အလုပ်တွေလည်းလုပ်ရဦးမယ်ဆိုတော့ထွက်တော့ထွက်မှာပါ လောလောဆယ်တော့မထွက်သေးဘူးဆိုပြီး Myanmar Celebrity ၏ အင်တာဗျူးတွင်ဖြေကြားပေးခဲ့ပါတယ်

Admin – We Love Cele

%d bloggers like this: