• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

အချစ်စိတ်ကြီးမားလွန်းတဲ့ အမျိုးသမီးကြောင့် ကိုလံဘီယာနိုင်ငံတစ်ဝန်းလုံး တုန်လှုပ်ခဲ့ရတဲ့ ဖြစ်ရပ်

We Love Cele by We Love Cele
October 1, 2018
in ပြည်ပသတင်း
0

ချစ်တဲ့သူကို ဆုံးရှုံးရမှာကြောက်တဲ့စိတ် တခုတည်းကြောင့် ကိုလံဘီယာနိုင်ငံက အမျိုးသမီးတဦးဟာ လူပေါင်းများစွာကို ၉ လတိုင်တိုင် ပိပိရိရိ လိမ်ညာနိုင်ခဲ့တယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ဒီဇာတ်လမ်းကို ဖန်တီးခဲ့သူက အသက် ၃၇ နှစ်အရွယ် အန်တိုနီလာဆိုသူဖြစ်ပြီး သူမဟာ သူမရဲ့ချစ်သူကို ဆုံးရှုံးရမှာကြောက်တဲ့စိတ် တခုတည်းနဲ့ နှစ်ဖက်မိသားစုတွေကိုသာမက သူငယ်ချင်း မိတ်ဆွေတွေကိုပါ ကိုယ်ဝန်ရှိနေပြီလို့ ကာလရှည် ဟန်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

အန်တိုနီလာနဲ့ သူ့ချစ်သူ ဗစ်တာတို့ဟာ ငယ်ငယ်ကတည်းက ကွဲသွားတဲ့ ငယ်ပေါင်းတွေဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်အကြာမှာမှ ပြန်လည် အဆက်အသွယ် ရခဲ့ပါတယ်။ပြန်အဆက်အသွယ်ရခဲ့တဲ့အချိန်မှာ အန်တိုနီလာဟာ ကလေးနှစ်ဦးမိခင် ဖြစ်နေပြီး ဗစ်တာမှာတော့ အတူနေချစ်သူတဦး ရှိနေနှင့်ပါပြီ။အဲဒီနောက်ပိုင်းမှာတော့ ငယ်သံယောဇဉ်ရှိတဲ့ သူတို့နှစ်ဦးကြား ဆက်ဆံရေးဟာ တဆင်မြင့်တက်လာခဲ့ပြီး ဗစ်တာက သူ့ချစ်သူနဲ့လမ်းခွဲကာ အန်တိုနီလာနဲ့ ဆက်ဆံရေးတခုကို ထူထောင်ခဲ့ပါတယ်။

ဒါပေမယ့် ဗစ်တာဟာ သူ့ရည်းစားဟောင်းအပေါ် စိတ်မဖြတ်နိုင်ဖြစ်ခဲ့ပြီး ဒါကို အန်တိုနီလာတယောက် ရိပ်စားမိခဲ့ပါတယ်။ဒါ့အပြင် ဗစ်တာရဲ့ ရည်းစားဟောင်းကလည်း သူတို့နှစ်ဦး လမ်းခွဲရတာဟာ အန်တိုနီလာကြောင့်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ဗစ်တာကို ဆုံးရှုံးရမှာနဲ့ ဗစ်တာရဲ့ ရည်းစားဟောင်း ပြဿနာရှာမှာကို စိုးရိမ်မှုမြင့်တက်လာတဲ့အခါ အန်တိုနီလာတယောက် ဇာတ်လမ်းတပုဒ်ကို စတင်ဖန်တီး သရုပ်ဆောင်ခဲ့ပါတယ်။

အဲ့ဒါကတော့ သူ့မှာ ဗစ်တာနဲ့ရတဲ့ကိုယ်ဝန် ရှိနေပြီလို့ လိမ်ညာတာပဲ ဖြစ်ပါတယ်။ ဒါကို မရိပ်မိတဲ့ ဗစ်တာကတော့ အန်တိုနီလာရဲ့စကားကို ယုံကြည်ခဲ့ပြီး သူ့ဘဝရဲ့ ပထမဆုံးသော ကလေးအတွက် အန်တိုနီလာကို ပိုပြီး ဂရုစိုက်ခဲ့ပါတယ်။အန်တိုနီလာဟာ ဗစ်တာနဲ့ နှစ်ဖက်သော အသိုင်းအဝိုင်းတွေကို အယုံသွင်းဖို့ ကိုယ်ဝန်အတုကို ဖန်တီးခဲ့ပြီး ဆေးရုံပြသတာတွေကို အတုအယောင်ဖန်တီးကာ အာထရာဆောင်း အတုတွေကိုလည်း အင်တာနက်ကနေ ရှာဖွေလုပ်ကြံခဲ့ပါတယ်။

ဒီအတောအတွင်း သူတို့နှစ်ဦးဟာ အတူစား အတူသွား အတူတကွ ရှိခဲ့ပေမယ့် ဗစ်တာကတော့ အန်တိုနီလာရဲ့ လုပ်ဇာတ်ကို လုံးဝမရိပ်မိခဲ့ပါဘူး။လူပေါင်းများစွာကို ကာလရှည် လိမ်ညာနိုင်ခဲ့တဲ့ အန်တိုနီလာတယောက် သူမွေးဖွားရက်ဖြစ်တဲ့ စက်တင်ဘာ စတုထ္တပတ်ကို နီးကပ်လာတာနဲ့အမျှ သူ့ပြဿနာကလည်း ပိုကြီးသထက် ကြီးထွားလာခဲ့ပါတယ်။ဒါပေမယ့် အန်တိုနီလာက သူမွေးရမယ့် ရက်မတိုင်ခင် သူ့ကို မျက်နှာဖုံးစွပ်လူတွေက ပြန်ပေးစွဲခဲ့ပြီး သူ့ဗိုက်ထဲက သန္ဓေသားကို ထုတ်ယူသွားတယ်လို့ ထပ်မံလိမ်ညာခဲ့ပါတယ်။

ဒီအခြေအနေအထိ ဗစ်တာနဲ့ သူ့မိဘတွေက အန်တိုနီလာကို ယုံကြည်နေဆဲဖြစ်ပေမယ့် သူမကို ဆေးရုံ အတင်းအကျပ် ပို့ဆောင်လိုက်တဲ့ အချိန်မှာတော့ သူ့လုပ်ဇာတ်ကြီးက ပေါ်ခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ လုံးဝအံ့အားသင့်နေတဲ့ ဗစ်တာက သူ့ကို အမှန်အတိုင်းပြောဖို့ အန်တိုနီလာကို တောင်းဆိုခဲ့ပြီး အဲ့ဒီနောက်မှာတော့ အန်တိုနီလာက သူ့လုပ်ဇာတ်တွေကို အားလုံး အမှန်အတိုင်း ပြောရတဲ့ဆီ ရောက်ရှိခဲ့ပါတယ်။အခြေအနေအမှန်ကို သိသွားတဲ့နောက်မှာ သူတို့နှစ်ဦးနဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းတွေသာမက ကိုလံဘီယာတနိုင်ငံလုံးက ဒီကိစ္စကြောင့် တုန်လှုပ်သွားခဲ့ရပါတယ်။

ဒီအချိန်မှာ ဘာလို့ ဒီလိုလိမ်ညာခဲ့ရသလဲဆိုတဲ့ အမေးတွေလည်း ပေါ်ထွက်လာခဲ့ပြီး ဒီမေးခွန်းတွေအတွက် အန်တိုနီလာရဲ့ အဖြေကတော့ ဗစ်တာကို ဆုံးရှုံးရမှာ ကြောက်လို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ဗစ်တာတယောက်လည်း ဒီဖြစ်ရပ်ကြောင့် အကြီးအကျယ် အံ့အားသင့်ခဲ့ရပြီး ဒီကိစ္စတွေကနေ ပြန်လည်အသားကျဖို့ အချိန်အနည်းငယ်ပေးဖို့ တောင်းဆိုထားတယ်လို့ အန်တိုနီလာက ပြောပါတယ်။ဒါပေမယ့် သူတို့နှစ်ဦးကြားမှာတော့ ခုချိန်ထိ အဆက်အသွယ်မပြတ် ရှိနေတယ်လို့လည်း သူမက ဆိုပါတယ်။

မှတ်ချက်-ဒီဗီဘီစာမျက်နှာမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

သားဖြစ်သူ သိဒ္ဓိစစ် ရွေးပေးတဲ့လက်မှတ်ကြောင့် အောင်ဘာလေ သိန်းထီဆုပေါက်သွားတဲ့ မေမေမယ်လိုဒီ

Next Post

ဆဋ္ဌမတန်းကျောင်းသူကို ပဉ္စမတန်း ကျောင်းသားနှစ်ဦးက အဓမ္မပြုကျင့်

Next Post

ဆဋ္ဌမတန်းကျောင်းသူကို ပဉ္စမတန်း ကျောင်းသားနှစ်ဦးက အဓမ္မပြုကျင့်

ပရိသတ်တွေ ပီတိအကြိမ်ကြိမ်ဖြစ်နေရတဲ့ မေပန်းချီရဲ့ မွန်မြတ်လွန်းလှတဲ့ အလှူ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!