• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

အမြန်လမ်းမ မိုင်တိုင် ၂၂၉ တွင် ဘုရားဖူးယာဉ် (၂) စီးတိုက်မိ သေဆုံးသူဦးရေ များပြား

We Love Cele by We Love Cele
October 2, 2018
in ပြည်တွင်းသတင်း
0

အောက်တိုဘာလ (၁) ရက် ည (၁၁:၀၀) နာရီ ချိန် ခန့်  မတလ- ရက လမ်း ၂၂၉ မိုင်တိုင်အနီးတွင် လေအိတ် ပေါက်၍ ရပ်နားပြုပြင်နေသော 7C/ 9653. Express. ကျေးဇူးရှင် ဘုရားဖူး ယာဉ်ကို 9F/5201. အရိဒ္ဒမာExpress ယာဉ်မှ တိုက်မိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ပန်းတင်စခန်း နှင့် ပလွေးစခန်းမှ တပ်ဖွဲ့ဝင်များ အမြန်လမ်း မီသတ်တပ်ဖွဲ့ဝင်များ အမြန်လမ်း ကြက်ခြေနီ တပ်ဖွဲ့ဝင်များ 192 ကယ်ဆယ်ရေး အဖွဲ့များ ပူးပေါင်း၍ ထိခိုက် /ဆုံးရှုးံ ခရီးသည်များကို ဆေးရုံ ပို့ ဆောင်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိပါသည်။ အရိဒ္ဒမာယာဉ် ကပတ-ရက ခရီးစဉ် ( တရားခံ ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်လျက်ရှိပါသည်)

ကျေးဇူးရှင် ဘုရားဖူးယာဉ် သည် ရက-ပပ-ပဒယ-အလ-လက-အပ-ရက ခရီးစဉ်ကိုပြေးဆွဲနေသောယာဉ်လိုင်းဖြစ်ပြီး ( လေအိတ်ပေါက် လမ်းတဝက် မြေသား တဝက်ရပ် စုံမီး ဖွင့်ထားပြီး ကြိုတင် အမှတ်အသား သင်္ကေတ သစ်ကိုင်းများ ချထားပါသည်။ ခရီးသည် များ ယာဉ်ပေါ်မနေဘဲ လမ်းဘေး မြေသားလမ်း ပေါ်တွင် နားနေကြပါသည်။ ကျေးဇူးရှင်ဘုရားဖူးယာဉ်မှ ယာဉ်မောင်း /အကူ သေဆုံးပါသည်။

အောက်တိုဘာလ (၂)ရက် နံနက် (၀၈၀၀) နာရီချိန် စာရင်းအရ သေဆုံး ကျား ၇ (လူကြီး ၆ ခလေး ၁) မ ၇ (လူကြီး ၆ ခလေး ၁) ဦး (အရိဒ္ဒမာယာဉ် မ ၁ဦး) ဖြစ်ပါသည်။ နေပြည်တော် ကုတင် (၁၀၀၀) အတွင်းလူနာ ကျား ၁၈ (လူကြီး ၁၅ ခလေး ၃) မ ၂၄ ( လူကြီး ၂၂ ခလေး ၂) ဦး (အရိဒ္ဒမာယာဉ် ကျား ၃ မ ၁ ဦး ) ဖြစ်ပါသည်။ ပြည်သူအများ စိတ်နှလုံး မသာယာမချမ်းမြေ့ စေမှု ဖြစ်စေမည်ကို နားလည်စာနာမိပါသည်။

Source-အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

Previous Post

နာရီပိုင်းအတွင်းမှာ ပရိသတ်တွေကြား တဟုန်ထိုးပေါက်သွားတဲ့ မေ သီဆိုထားတဲ့ သီချင်း

Next Post

သုံးခွမြို့အနီး ၆ မိုင်အကွာတွင် သောင်တင်နေတဲ့ ပိုင်ရှင်မဲ့သင်္ဘော တဖြေးဖြေး နစ်မြုပ်နေ

Next Post

သုံးခွမြို့အနီး ၆ မိုင်အကွာတွင် သောင်တင်နေတဲ့ ပိုင်ရှင်မဲ့သင်္ဘော တဖြေးဖြေး နစ်မြုပ်နေ

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ရင်ဖွင့်လာတဲ့ ခိုင်နှင်းဝေ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!