ရင်ထဲကဒဏ်ရာကို ကုသနိုင်မယ့်နည်းလမ်းလေးတစ်ခုနဲ့ ပရိတ်သတ်ရှေ့ထွက်လာတဲ့ ပန်ကိတ်ဒါဒါ

0
493

မကြာသေးခင်အချိန်လေးတစ်ခုမှာတော့ တေးသံရှင်ရွှေထူးနဲ့အတူတည်ဆောက်ထားတဲ့ သာယာသောrelationship လေးပြတ်စဲခဲ့တဲ့ ပန်ကိတ်ဒါဒါကတော့ လက်ရှိအချိန်မှာ ပရိတ်သတ်များစွာရဲ့အားပေးနှစ်သိမ့်မှုကိုရရှိနေတာတွေ့ရပါတယ်။ ခြောက်နှစ်ကျော်လောက် လက်တွဲလာခဲ့တဲ့ relationship တစ်ခုပြတ်စဲသွားခဲ့ရတဲ့အတွက် ဘယ်လောက်ပဲပျော်ရွှင်အောင်နေနေ သူမကတော့ မခံစားရဘဲနေနိုင်မယ်မထင်ပါဘူး။

မနေ့ကဆိုရင်လည်းသူမဟာ လွန်ခဲ့တဲ့တစ်ပတ်လောက်က အရမ်းပျော်ရွှင်နေရတယ်လို့ထင်တဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်မှာဖြန့်ဝေပေးခဲ့တာကိုတွေ့ရပါတယ်။ ထိုပုံရိပ်လေးတွေဟာ သူမတကယ်ပျော်ရွှင်နေတာလား ဒါမှမဟုတ်ခံစားချက်လေးတွေကို ဖုံးကွယ်ထားတာလားဆိုတာကတော့ ပရိတ်သတ်တွေအတွက် စဉ်းစားစရာလေးတစ်ခုအဖြစ်ရှိနေတာပဲဖြစ်ပါတယ်။ ထူးခြားတာလေးတစ်ခုကတော့ အခုချိန်ထိပန်ကိတ်ဟာ သူမအကောင့်ထဲက ရွှေထူးနဲ့ ပုံရိပ်လေးတွေကိုဖြတ်ထားခြင်းမရှိသေးပါဘူး။

တချို့ပရိတ်သတ်တွေကတော့ ရင်ထဲကဒဏ်ရာကို အပြုံးနဲ့ဖြေနိုင်ခြင်းက ရင့်ကျက်ခြင်းတဲ့မမရေ ဘယ်လောက်ပဲခံစားရပါစေ သူရှေ့မှာ ကိုယ်အမြဲပြုံးနိုင်အောင်ကြိုးစားပါ မင်းမရှိရင်မဖြစ်ဘူးလို့မတွေးပါနဲ့ အရမ်းချစ်တယ်မမ ဆိုပြီး အားပေးစကားလေးတွေပြောကြားခဲ့တာကိုလည်းတွေ့ရပါတယ်။ တချို့ပရိတ်သတ်တွေကတော့လည်း သူတို့အားကျခဲ့ရတဲ့ relationship တစ်ခုကိုပြန်လည်အဆင်ပြေချင်နေတဲ့ စကားလေးတွေပြောကြားနေတာကိုလည်းတွေ့ရပါတယ်။ ပရိတ်သတ်တွေရော သူမတို့ကို ပြန်အဆင်ပြေစေချင်ရဲ့လားဆိုတာ ပြောပြခဲ့ကြဦးနော်။

Credit – MyanmarLoad