ခင်လှိုင့် အကောင့် ယူသွားသူတွေကို ခပ်ချေချေတုန့်ပြန်လိုက်တဲ့ သဇင်ထူးမြင့်

0
188

ဟာသသရုပ်ဆောင်အဖြစ် နာမည်ကြီးခဲ့ရာမှ ယခုနောက်ပိုင်း အက်ရှင်ကားတွေရော ၊ ဖိုက်တင်ကားတွေပါ ရိုက်ကူးလာခဲ့ပြီး တစ်နေ့ထက်တစ်နေ့ ပရိတ်သတ်တွေ တိုးတိုးလာခဲ့တာလဲ ဖြစ်ပါတယ်။ ယခုအခါမှာလဲ ရိုက်ကွင်းပုံတွေ၊ မိသားစုပုံတွေကို တင်လေ့ရှိပြီး သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်ဟာ အေးချမ်းစွာ အသုံးပြုနေသူလို့ ထင်ရပါတယ်။ ဒါကို ဟက်ကာတစ်ဖွဲ့ က ယနေ့မှာ ခိုးယူသွားခဲ့ပါတယ်။ ခိုးယူသွားပြီးနောက် ဟက်ကအဖွဲ့က ” အကို ခင်လှိုင်တစ်ခြားaccနဲ့ cbလာပါ So Sad ” ဆိုပြီး ခင်လှိုင်ရဲ့ အကောင့်ကနေရေးသားလာပါတယ်။

ထိုပို့စ်ရဲ့ အောက်မှာ သူ့ရဲ့ ပရိသတ်တွေက ဆဲဆိုဒေါသထွက်နေကြပြီး သူရဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်ကလဲ ” သုံးလို့ ဝမှပဲပြန်လာပေးပါအကိုတို့ အဲ့ဒါတွေလိုက်လုပ်ဖို့ မအားလို့ပါ ” ဆိုပြီး ခက်ချေချေလေးပြန်ပြောထားပါတယ်။ အဲ့ဒီနောက် မှာတော့ သူမရဲ့ ကောင့်ကနေပြီးလဲ ပြောဆိုထားပါသေးတယ်။

သူမပြောထားတာကတော့ ” ဖေဖေ့acc hackခံထားရပါတယ်…ဖေဖေကသူaccကိုအမြဲလည်းမသုံးပါဘူးသူတင်ချင်တာရှိရင်ညီမကိုတင်ခိုင်းတယ်။ အားရင်NFကြည့်တယ် ခုနောက်ပိုင်းရေအလှူကိစ္စလေးတွေကြောင့်အမြဲလိုလိုပုံတင်ဖြစ်တယ်။ ဒီလောက်ပါပဲ….” ဆိုကာ အဖေဖြစ်သူရဲ့ ဖေ့စ်ဘုတ်အကောင့်နဲ့ပတ်သက်ပြီး ပြောပြလာပါတယ်။

အဲ့ဒီနောက် ” ဒီလိုhackခံရတယ်ဆိုတာ ရိုးနေပါပြီ…ညီမဘာအနုပညာအလုပ်မှမလုပ်ပဲအေးဆေးနေတဲ့သူaccလည်းhackတယ် အကုန်လိုက်hackနေကြတော့တာပဲ😂…..fbကဘဝကြီးမဟုတ်ပါဘူး….ဒီအကောင့်ပျက်လည်းနောက်accထပ်ဖွင့်ရုံပေါ့ညီမဆိုခဏခဏhackခံရလွန်းလို့ ဒါ4ခုမြောက်ပါ….သုံးလို့ ဝသွားရင်လည်းပြန်လာပေးပေါ့နော်…..cbမှာသွားတောင်းရအောင်ဖေဖေလည်းအားဘူး ညီမတို့ လည်းမအားဘူး….” ဆိုကာ ခက်ချေချေလေးတုန်ပြန်ထားပါတယ်။

 

ကယ် ပရိသတ်ကြီးရေ နောက်ထပ်အနုပညာရှင်တွေရဲ့ အကောင့်တွေ ထပ်ပြီး အထိန်းအသိမ်းမခံရစေဖို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။ ယခုတစ်ပတ်အတွင်း အဟက်ခံခဲ့ရတဲ့အနုပညာရှင် အကောင့် ၃ခုနဲ့အထက်မှာရှိနေပါပြီ။ ချစ်တဲ့ မိုမိုလေးပရိသတ်ကြီး ဖတ်ရှု့ပေးလို့ ကျေးဇူးအထူးတင်၇ှိပါတယ်။

KKK(momolay)