FB အကောင့်ကို ငွေပေးပြီး ပြန်ရွေးလိုက်ရတယ်ဆိုတဲ့ ဧငြိမ်းဖြူ

0
101

ဧငြိမ်းဖြူကတော့ ပြန်လည်ရိုက်ကူးထားတဲ့ ရှေးရှေးတုန်းက ရေဒီယိုဇာတ်လမ်းတွေနဲ့ ပရိသတ် အား ပေးမှု ရရှိထားသူပါ။အဲ့ဒီဇာတ်လမ်းတွေရဲ့ အသံ ကို သူမက ဟန်ပန်အမူအရာ နဲ့ ထပ်တူ ကျ၊ ပီပြင်အောင်သရုပ်ဆောင်ခဲ့တယပါ။အခုနောက်ပိုင်းမှာတော့ သူမရဲ့ ခေတ်ပေါ် အကဗီဒီယို ဖိုင် တွေကလည်း ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားနာမည်ကြီးလာခဲ့ပါတယ်။ အနုပညာ တင်မဟုတ်ပဲ သူမရဲ့ အချစ်ရေးကိုလည်း ပရိသတ်က အရမ်းကို စိတ်ဝင်စားကြပါတယ် ။လူငယ်တွေ အားပေးတဲ့ အဆိုတော်ရဲရင့်အောင်ရဲ့ ချစ်သူပါ။

လက်တလောမှာ တော့ အနုပညာရှင်တွေရဲ့ fb အကောင့်တွေ အဟက်ခံနေရပါတယ်။အကောင့်ေ တွ ကို ဟက်ပြီး ခြိမ်းခြောက် ငွေညှစ်ခံနေရတဲ့ အနုပညာရှင်တွေ တဖြည်းဖြည်း ပိုများလာနေပါ တယ်။ ဧငြိမ်းဖြူရဲ့ fb အကောင့်ကို မေလ(၁၄)ရက်နေ့က ဟက်ခဲ့တာပါ။အကောင့်ဟက်သူတွေက သူတို့သဘောနဲ့သူတို့ အကောင့်ထဲမှာ fri တွေ add ပေးမယ်ဆိုပြီး Post လည်း တင်ခဲ့ပါတယ်။ ဧငြိမ်းဖြူအကောင့်ဟက်ခံနေရကြောင်းကိုလည်း ချစ်သူ ရဲရင့်အောင်က သူ့ရဲ့ fb က တစ်ဆင့် ပရိ သတ်တွေကို အသိပေးခဲ့ပါတယ်။

အဟက်ခံလိုက်ရတဲ့ အကောင့်ကို ဧငြိမ်းဖြူတစ်ယောက် fb အကောင့်ပြန်ရသွားပါပြီ။ အေ ကာင့်ပြ န်ရ သွားတဲ့ အကြောင်းကိုလည်း “Acc ပြန်ရပြီ …… စိတ်ပင်ပန်းလိုက်တာ..” ဆိုတဲ့ Post နဲ့ အတူ ပရိသတ်တွေကို အသိပေးထားပါတယ်။အဲ့ဒီလို အကောင့်ပြန်ရဖို့ ငွေပေးပြီး ပြန် ရွေး လိုက်ရ တယ်လို့ လည်း တင်ထားပါတယ်။

Credit – Celenow