အိပ်မက်လားတကယ်လား မကွဲပြားတဲ့ အမှတ်တရတွေအကြောင်းပြောလာတဲ့ အိုင်ရင်းဇင်မာမြင့်

0
106

ခံစားချက်တွေကို ပုံဖော်သီကျူးတတ်တဲ့ အဆိုတော်မလေးတစ်ယောက်ဖြစ်တဲ့ အိုင်ရင်းဇင်မာမြင့်ကတော့ သူမရဲ့ သီချင်းချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဖေ့စ်ဘုတ်ပေါ်မှာ ခံစားချက်လေးတွေနဲ့ ပတ်သတ်ပြီး ဖွင့်ဟ ပြောဆိုတတ်တဲ့ သူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမကတော့ ဒီကနေ့မှာ အိပ်မက်လား၊ တကယ်လား မကွဲပြားတော့တဲ့ အမှတ်တရတွေဆိုပြီးတော့ သူမရဲ့ လူမှုကွန်ရက်အကောင့်ပေါ်မှာ ဖွင့်ဟလာတာဖြစ်ပါတယ်။ အိုင်းရင်းဇင်မာမြင့်ဟာ ဖြစ်ပျက်နေကျ သဘာဝတရားကြီးကတော့ ပုံမှန်အတိုင်းရှိနေပေမဲ့ လူတွေကသာ ပြောင်းလဲသွားခဲ့ကြတာဖြစ်တယ်လို့လည်း အခုလိုပဲ ပြောထားပါတယ်။

အိုင်ရင်းက မကြာခင်မှာ “မာ”ဆိုတဲ့ သူမရဲ့ တတိယမြောက် အယ်လ်ဘမ်ကို ထုတ်ဝေတော့မှာဖြစ်ပြီး ပရိသတ်တွေကတော့ အားပေးဖို့အတွက် စောင့်မျှော်နေကြပါပြီ။

Credit – Cele Now