မေမြင့်မိုရ်လေးကို ယောင်းမလို့ ခေါ်နေကြတဲ့ ကောင်မလေးတွေ ဒါလေးဖတ်ကြည့်ဦးနော်…

0
425

အနုပညာလောကမှာ ရုပ်ချင်းလည်းအရမ်းတူ ပရဟိတအလုပ်တွေကိုလည်းအတူတူတွဲလုပ်နေကြလို့ မောင်နှမ နှစ်ယောက်လုံးကို ချစ်ပြီးအားပေးခံနေကြရတာတော့ သရုပ်ဆောင် မေမြင့်မိုရ် နဲ့ ရှင်းမြတ်ပဲဖြစ်ပါတယ်။ အသက်လည်းအရမ်းမကွာတဲ့ မောင်နှမတွေဖြစ်တာမို့ ငယ်ငယ်တုန်းကတော့ ရန်ခဏခဏဖြစ်ကြတဲ့ သူနှစ်ယောက်ပါ။

ဒါပေမယ့်လည်း မောင်လေးဖြစ်တဲ့ ရှင်းမြတ်ကတော့ အမြဲတမ်းပြန်ချော့ပါတယ်လို့ ဆိုပါတယ်။ အရမ်းရုပ်ဆင်ပြီး ချစ်ဖို့ကောင်းတဲ့ မောင်လေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မေမြင့်မိုရ်တစ်ယောက်ကတော့ သူမကို ယောင်းမ ယောင်းမလို့ ခေါ်ကြတာနဲ့ပတ်သက်ပြီး

“ပရိသတ်တွေက ချစ်လို့ခေါ်ကြတာပေါ့နော် မေ့ကိုလည်းချစ်တယ် မောင်လေးကိုလည်းချစ်ကြတဲ့အတွက် ဒီလိုစနောက်ပြီးလည်းခေါ်ကြတယ်ဆိုတော့ ဝမ်းသာပါတယ် ကိုယ့်ကိုချစ်သလိုမျိုး မောင်လေးကိုလည်း ချစ်ပေးတဲ့အတွက် ကျေးဇူးလည်းတင်တယ် စိတ်လည်းမဆိုးဘူး ပျော်လည်းပျော်တယ်”

Source-Myanmar Celebrity