အလှူလုပ်​တာ​တောင်​ ​အပြစ်​​ပြောချင်​​နေကြသူ​တွေနဲ့ ​ကြုံ​တွေ့​နေရတဲ့ အိစိ​ကွေး

က​လေးသရုပ်​​ဆောင်​ဘဝကတည်းက ပရိသတ်​​တွေရဲ့ ချစ်​ခြင်း​မေတ္တာကို အပြည့်​အဝရရှိထားတဲ့ သရုပ်​​ဆောင်​ အိစိ​ကွေးက​တော့ ပင်​ကိုယ်​စိတ်​ရင်း​လေးကလည်း ဖြူစင်​တာ​ကြောင့်​ အလှူအတန်း​တွေမှာ အားတက်​သ​ရောပါဝင်​ကူညီ​လေ့ရှိသူတစ်​ဦးပါ။ မ​နေ့ကလည်း ဝါရင့်​သရုပ်​​ဆောင်​တစ်​ဦးဖြစ်​တဲ့ ဦးဝင်းနိုင်​ ကျန်းမာ​ရေးမ​ကောင်းတာ​ကြောင့်​ အား​ပေးစကားဆိုရင်းနဲ့ တတ်​နိုင်​သ​လောက်​​လေး အလှူဒါနပြုခဲ့တဲ့အ​ကြောင်းကို သူ့ရဲ့​ဖေ့စ်​ဘုတ်​စာမျက်​နှာ​ပေါ်မှာ ​ရေးသားထားတာပါ။ ဘယ်​​လောက်​ပဲ​ကောင်းတာလုပ်​လုပ်​ အပြစ်​ဆိုချင်​ကြသူ​တွေကရှိစမြဲမို့ ​အိစိ​ကွေး​လဲ ကြုံ​တွေ့ခဲ့ရတာပဲ ဖြစ်​ပါတယ်​။

နေမ​ကောင်းဖြစ်​နေတဲ့သူနဲ့ အတူတွဲရိုက်​ပြီး အလှူကိုလူသိခံချင်​​နေတယ်​ဆိုတဲ့ ​ဝေဖန်​မှု​တွေကို​တော့ အိစိ​ကွေးက “ကိုယ်လည်းဒီတိုင်းလှူလိုက်တာပဲ လူနာရှင်ကိုယ်တိုင် ပုံရိုက်ပေးမယ်ပြောတော့ ဟင့်အင်း မရိုက်ပါနဲ့ ပြောလို့ကောင်းမလား ဟုတ်ချင်ဟုတ်လိမ့်မယ် အပြင်မှာတော့လူမှုရေးအရ တဖက်သား အခြေအနေကို လူမသိခံတာရှိမယ်
ဒါပေမယ့် ကျွန်တော့တို့အနုပညာရှင်တွေအားလုံးက တစ်ယောက်ယောက်တစ်ခုခုဖြစ်တဲ့ အချိန် လာကူညီကြတယ် လာအားပေးကြတယ် ကျွန်တော့တို့မှာ အဲ့လို အသိမှတ်ပြုလာပေးကြတာကို ပီတိဖြစ်ကြတာ ကိုယ်ချစ်တဲ့သူတွေလာရင် ဘယ်သူမဆိုပျော်တယ် ဘယ်သူလာတယ်ဆိုတာကို အမှတ်တရ အနေနဲ့ ဝမ်းပန်းတသာ မှတ်တမ်းရယူကြတယ် 😅 သိပ်လူသိခံချင်တယ်မထင်နဲ့ဗျာ အလှူခံဖြတ်ပိုင်းမှာတောင် ကိုယ်နာမည်မပါပဲ လှူတာတွေ နာမည်ပါသင့်ရင် နာမည်အရင်းပဲသုံးတာ အဲ့တော့ သူများအလှူကို အပြစ်မပြောနဲ့ဗျာ” ဆိုပြီး ပြန်​လည်​​ချေပထားပါ​သေးတယ်​။

ပရိသတ်​အချစ်​​တော်​အနုပညာရှင်​ကြီး ဦးဝင်းနိုင်​က​တော့ ​လေဖြန်းတဲ့​​ဝေဒနာ​ကြောင့်​ ​ဆေးရုံတက်​ပြီး ​ဆေးကုသမှုခံယူ​နေရတာပါ။ ချစ်​ပရိသတ်​​တွေလဲ အနုပညာသမားအချင်းချင်း ရိုင်းပင်းကူညီတတ်​တဲ့ စိတ်​ထားရှိတဲ့ အိစိ​ကွေး​လေးကိုချစ်​ရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat ( momolay )
Source:Ei Si Kway’s Facebook

%d bloggers like this: