သဘာဝအတိုင်း ဘာဘီရုပ်လေးတွေလိုလှတဲ့ မြန်မာပြည်ကဆယ်လီ (၅) ဦး

ကာတွန်းထဲမှာပဲရှိတဲ့ လှပလွန်းတဲ့ဘာဘီရုပ်လေးတွေကို မိန်းကလေးတိုင်းအားကျခဲ့ဖူးမှာပါ။ နှာတံစင်းစင်း၊ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့နှုတ်ခမ်းဖူးဖူးလေးက မိန်းကလေးတွေအတွက်တော့အားကျစရာပါ။ နိုင်ငံတကာမှာဆိုရင် ဒီလို ဘာဘီရုပ်လေးတွေရဲ့မျက်နှာ၊ ခန္ဓာကိုယ်အချိုးအစားလေးတွေဖြစ်ချင်လို့ ငွေကြေးအ ကုန်ကျခံပြီးခွဲစိတ်ပြုပြင်တာတွေကိုလည်း စွဲလမ်းမှုတစ်ခုအနေနဲ့လုပ်လာကြပါတယ်။ ဒါပေမဲ့ ဘယ်အရာ မှ သဘာဝ အတိုင်းလှတာလောက်တော့ မကောင်းဘူးပေါ့နော်။

ဟုတ်ပါတယ်၊ အဲဒီလိုဘာဘီရုပ်လေးတွေလို အသဲယားစရာကောင်းတဲ့မျက်နှာလေးတွေနဲ့ သဘာဝအတိုင်းလှနေတဲ့ မြန်မာဆယ်လီတွေရှိနေတယ်ဆိုတာကိုလည်း ပရိသတ်ကြီးသိချင်ကြမယ်ဟုတ်?

အခုဖော်ပြမယ့်သူတွေကတော့ သဘာဝအတိုင်း ဘာဘီအရုပ်မလေးတွေလိုလှပနေကြတဲ့သူတွေဖြစ်လို့ ပရိသတ် ကြီးရဲ့အသဲတစ်ခြမ်းလေးတွေဖြစ်နေကြတဲ့သူတွေလည်းဖြစ်ပါတယ်။ အခုပဲ ဘယ်သူတွေဖြစ်မလဲဆိုတာကြည့်လိုက် ရအောင်နော်…

(၁) ရွှေမှုန်ရတီ

 

သူမတော့ ပရိသတ်ကြီးရဲ့အသဲတစ်ခြမ်းတင်မဟုတ်ဘဲ အသဲတစ်ခုလုံးတောင်ဖြစ်မယ်ထင်ပါတယ်။ မကြာသေးခင်ကမှ အသက် ၂၀တင်းတင်းပြည့်ထားတဲ့ သရုပ်ဆောင် ရွှေမှုန်ရတီဟာဆိုရင် လန်းဆန်း တက်ကြွမှုအပြည့်နဲ့ ရူးလောက်တဲ့ဖက်ရှင်အလန်းစားတွေနဲ့ ပရိသတ်ကိုအမြဲဖမ်းစားတတ်သူ ပဲဖြစ် ပါတယ်။

ဒါ့အပြင် သူများနဲ့မတူတဲ့ထူးခြားချက်ကတော့ ဖက်ရှင်နဲ့ပတ်သက်ရင် ဝတ်စုံ၊ လက်ကိုင်အိတ်၊ ဖိနပ် စတဲ့ခေါင်းအစ ခြေအဆုံးကို ဂရုတစိုက်နဲ့ဝတ်ဆင်တတ်ခြင်းပဲဖြစ်ပါတယ်။ အချေမင်းသမီးလေးလို့ နာမည်ကြီးနေပေမယ့် သူမဟာ ဘာဘီရုပ်တစ်ရုပ်လိုဘယ်လိုနေနေလှနေတယ်ဆိုတာကို ဓာတ်ပုံတွေ ကသက်သေခံနေတယ်လေ။ လက်ရှိမှာ သူမအနေနဲ့ “နှလုံးသားကို ဝင်ချည်ထွက်ချည်လုပ်တဲ့ ဧည့်သည်” ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ ရွှေမှုန်လေးရဲ့ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးတွေကိုလည်း ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၂)ဝတ်မှုန်ရွှေရည်

သူမကတော့ မြန်မာပြည်ရဲ့ဒိတ်ဒိတ်ကြဲမင်းသမီးတွေထဲက ဝါရင့်မင်းသမီးတစ်လက်ဖြစ်ပြီးတော့ ပရိသတ်တွေသိထားတဲ့ မြန်မာပြည်ရဲ့ ဖက်ရှင်ဘုရင်မ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့ နောက်ထပ် ကိုယ်ပွားလို့တောင်ပြောရမလိုပါပဲ။ ဆွဲဆောင်မှုရှိတာလား၊ ချစ်စရာကောင်းတာလား အမျိုးမျိုးသော ဖက်ရှင်တွေကို အမြဲတမ်းဆန်းသစ်တီထွင်ပြီး ဆင်မြန်းတတ်သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ရှင်ပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း အကယ်ဒမီဆုတွေကိုသိမ်းပိုက်ထားနိုင်တဲ့အထိ အောင်မြင်မှုများစွာရရှိထားသူလည်းဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်ရဲ့ အသဲကျော်ဖြစ်နေတာပေါ့နော်။

 

(၃)နေခြည်ဦး

သူမကတော့ မြန်မာပြည်ရဲ့နာမည်ကြီး ဗြူးတီးဘလော့ဂါတစ်ဦးဖြစ်ပြီးတော့ အခုဆိုရင် သရုပ်ဆောင် အလုပ်တွေကိုပါဆက်လက်လုပ်ကိုင်နေပါပြီ။ မိန်းကလေးပရိသတ်တွေအတွက် အလှအပ ရေးရာ၊ ဖက်ရှင်နဲ့ စိတ်ဓာတ်ခွန်အားတွေကိုပေးနေတဲ့သူလည်းဖြစ်လို့ ချီလီတို့ရဲ့အိုင်ဒေါအသဲစွဲလေးဖြစ်နေတာ ပေါ့။ အများစုက ချီချီလို့ချစ်စနိုးခေါ်ကြတဲ့ သူမဟာဆိုရင် confidenceရှိရှိနဲ့ရဲရင့်တဲ့ အမျိုးသမီး တစ်ယောက်လား ဒါမှမဟုတ် ချစ်စရာကောင်းတဲ့ ဘာဘီလေးလိုလား အမြဲတမ်းသွက်လက်တက်ကြွ နေတာကိုတွေ့ရမှာပါ။ စကားကိုအမြဲတမ်းဘွင်းဘွင်းရှင်းရှင်းပြောတတ်တဲ့ သူမဟာ အချစ်ရေးနဲ့ပတ် သက်ရင်လည်း ပွင့်လင်းတတ်သူပါ။ လတ်တလောတော့ သူမရဲ့အချစ်ရေးကအေးဆေးပါပဲတဲ့။

 

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ “နှလုံးသားကို ဝင်ချည်ထွက်ချည်လုပ်တဲ့ ဧည့်သည်” ရုပ်ရှင်ကားရိုက်ဖို့ရှိနေတယ်လို့သိရပါတယ်။

(၄)ဖွေးဖွေး

 

သူမကိုမြင်လိုက်တာနဲ့ မြန်မာပြည်ရဲ့စူပါစတားမင်းသမီးတစ်လက်၊ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ပရိသတ်တွေရဲ့အချစ်တွေအားလုံးကိုသိမ်းပိုက်ထားသူဆိုတာအထူးပြောစရာလို မယ်မထင်တော့ပါဘူး။ ဖွေးစိန်လေးလို့ ပရိသတ်တွေအချစ်ပိုရတဲ့ သူမဟာဆိုရင် အကယ်ဒမီများရှင်ဝါ ရင့်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ အမြဲတမ်းမာဆတ်ဆတ်မျက်နှာထား နဲ့သရုပ်ဆောင် ရတဲ့ကာရိုက်တာတွေမှာ သဘာဝကျပြီးပီပြင်လွန်းသူလေးပေါ့။ ဖက်ရှင်ပိုင်းမှာလည်းအထူးပြောစရာ မလိုတဲ့ သူမရဲ့ ဘာဘီအရုပ်မလေးတစ်ယောက်လိုလှပနေတဲ့ပုံရိပ်လေးတွေလည်းဖော်ပြပေးလိုက်ပါ တယ်နော်။

(၅)ခင်ဝင့်ဝါ

သူမကတော့ မြန်မာပြည်က အမျိုးသားပရိသတ်တွေရဲ့အသည်းကျော်ဆိုရင်မှားမယ်မထင်ပါဘူး။ ခေးလို့ပြောလိုက်ရင် သူမကိုပြေးမြင်တဲ့အထိ အပြစ်ကင်းစင်တဲ့မျက်နှာလေးကိုပိုင်ဆိုင်ထား သူ တစ်ယောက်ပါ။ သူမဟာ Missတစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းပေါ်ကိုစတင်ရောက်လာ ခဲ့ပေမဲ့ “အရုပ်ကလေးကိုကျွန်တော်ပြန်မပေးပါ”ဇာတ်ကားနဲ့ ပရိသတ်အားပေးမှုကိုတခဲနက်ရရှိပြီး လူသိများလာတာလည်းဖြစ်ပါတယ်။အခုတစ်ခါမှာတော့ သူမရဲ့ချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေနဲ့ ဘာဘီရုပ်လေး တစ်ရုပ်လိုလှပနေတဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

အခုဖော်ပြပေးခဲ့တဲ့ ဘာဘီရုပ်လေးတွေလိုလှပတဲ့ အနုပညာရှင်တွေနဲ့ ပရိသတ်ကြီးရဲ့အမြင်နဲ့ထပ်တူကျ ရဲ့လားဆိုတာပြောခဲ့ဦးနော်။

Credit-Myanmaplatform

%d bloggers like this: