လက်သည်းတွေက အတုတွေပါလို့ တရားခွင်မှာပြောခဲ့တဲ့အကြောင်း ပြောပြလာတဲ့ အစ္စဏီရဲ့ အကိုဝမ်းကွဲ

ဧပြီလအတွင်းကဖြစ်ပွားခဲ့တဲ့ အစ္စဏီရဲ့ မုဒိန်းမှုနဲ့ ပတ်သက်ပြီး ဇွန်လ(၁)ရက်နေ့က တတိယမြောက်ရုံးချိန်းကိုတရားလိုလဲ တက်ခဲ့သလို ပရိသတ်တွေစောင့်မျှော်နေကြတဲ့ အစ္စဏီရဲ့ စကားသံတစ်ချို့ကို လဲ ကြားခဲ့ရပါတယ်။ အဆိုပါနေ့က တရားခွင်မှာ အတူ၇ှိနေခဲ့တဲ့ အစ္စဏီရဲ့ ညီဝမ်းကွဲဖြစ်သူကတော့ တရားလို ဖြစ်သူ မော်ဒယ်စူးရှထက်ရဲ့ အင်တာဗျူးကို မကျေနပ်တာကြောင့် တရားခွင်မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေကို ပြောပြလာပါတယ်။ သူ မကျေနပ်ရတဲ့ မော်ဒယ်စူးရှထက်ရဲ့ MC အင်တာဗျူးမှာ ဖြေထားခဲ့တဲ့ တရားခွင်မှာ ဟန်ထွန်းဇော်(ခ) အစ္စဏီက တောင်းပန်တယ်ဆိုတဲ့ လိမ်ညာဖြေဆိုထားတဲ့ စကားတွေဘဲ ဖြစ်ပါတယ်။


သူပြောပြခဲ့တာကတော့ ” ယုတ္တိတန်မှုကို စဉ်းစားဖို့ တရားခွင်အနေအထားလေး တင်ပြပေးပါမယ်။ တရားလိုပြသက်သေ ၁၁ ဦးအနက် ပထမဆုံးအနေနဲ့ ဇာခြည်ဌေးလာထွက်ဆိုရတဲ့ တရားခွင်ဖြစ်တယ် ။ သက်သေထွက်ဆိုမဲ့ ဇာခြည်ဟာ တရားသူကြီးရှေ့တည့်တည့် ဝက်ခြံမှာ ရှိတယ်။ အစ္စဏီဟာ အခန်းရဲ့နောက်ဆုံး တရားခံ ခုံမှာ ရဲအစောင့်နဲ့ထိုင်နေတယ်။ ဇာခြည်ဌေး ထွက်ဆိုချက်တွေမှာ အစ္စဏီဒေါသမထိန်းနိုင်ပဲ မဟုတ်ဘူး မင်းမဟုတ်တာတွေလျောက်မပြောနဲ့ဆိုပြီး တစ်ချက်ချက် ထထအော်တယ် အခန်းအနေအထားအကွာအဝေးအရ အနည်းငယ် လေသံမြင့်ပြီး အော်ပြောမှ ကြားနိုင်တဲ့ အခြေအနေလဲရှိတယ် ။ ခြေထောက်ကို ပုလင်းကွဲနဲ့ ထိုးခြစ်တယ်လို့ အပြောမှာတော့ သူလုံးဝသည်းညည်းမခံနိုင်တော့ပဲ မင်းဖာမင်း မှန်ကွဲကိုတက်နင်းတာလေလို့ ထပြောပါတယ်။( ခုချိန်ထိ အမှုဖြစ်စဉ်နဲ့ပတ်သတ်ပီး ဇာခြည်ဌေးပြောကြားချက်တွေကို သူမကြားဘူးသေးပါ) ။ ဇာခြည်ကလဲ နောက်ကိုပြန်လှည့်ကြည့်ပီး ရန်တွေ့ပါတယ် ။ သူတို့နှစ်ယောက် ခွန်းတုံ့ပြန် ရန်ဖြစ်နေမှု့ကြောင့် တရားသူကြီးကိုယ်တိုင် ၂ ယောက်စလုံးကိုရပ်ဖို့ အမိန့်ပေး ရပါတယ်။ တံခါးပိတ်စစ်ဆေးနေတာကြောင့် အပြင်ကနေပဲ ဟန်ထွန်းကို စိတ်ထိန်းဖို့ လက်ဟန်ခြေဟန်နဲ့ ကျနော် တစ်ချိန်လုံး လှမ်းသတိပေးနေရပါတယ် ” ဆိုပြီး အစ္စဏီဘက်က အလိမ်အညာတွေကိုမကျေနပ်ခဲ့ကြောင်းနဲ့ တရားခွင်မှာ စကားများခဲ့ကြောင်းပြောပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာ အစ္စဏီသူ့ကို တောင်းပန်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ” တရားစစ်အပြီးမှာတော့ ဇာခြည့်လှည့်အပြန်ထွက်မှာ ဟန်ထွန်းရဲ့ရှေ့ကနေ ဖြတ်ရပါတယ်။ အဲ့ဒီ့မှာ ဟန်ထွန်းက မင်းလိမ်နေတာပျော်နေလားဆိုပီးလှမ်းပြောလိုက်ပါတယ် ။ အဲ့ထပ်လဲပိုပြောဖို့အချိန်မရှိပါဘူး ။ ဇာခြည်ဌေး အင်တာဗျူးတွေမှာ အစ္စဏီကသူ့ကို ငိုယိုပီးတောင်ပန်နေတယ်ဆိုပြီး ဟန်ထွန်းပြောသွားသလို စကားတွေအများကြီး ပြောဆိုထားတယ်။ စဉ်းစားကြည့်ပါ ။ တရားခွင်ထဲမှာ ကိုယ့်ရှေ့က ဖြတ်လျောက်သွားတဲ့သူတစ်ယောက်ကို တရားခံက အဲ့လောက်အများကြီး ပြောလို့ရနိုင်မလား ။ အဲ့လောက်စကားတွေ စီကာပတ်ကုန်းပြောလို့ရရအောင် ကန်ဘောင်များထင်နေလို့လားမသိ ။ ဇာခြည်လိမ်တာကိုတော့ မထူးဆန်းတော့ပါ ။ သမီးကိုယ်ဝန်ရှိနေပီဆိုတဲ့စကားတောင် မျက်နှာပြောင်တိုက်ပြီး မဟုတ်ဘူးလို့ လိမ်ရဲသေးတာပဲ ။ အေး နင့်မှာကိုယ်ဝန်မရှိဘူးဆိုတာ နင်ငါ့ကိုစပြောကတည်းက ငါသိတယ်။ နင် ဘယ်ကလာတာလဲ ဘာလုပ်စားလဲလဲ ငါသိတယ်။ ဟိုကောင် ငတုံးကိုပဲသွားလိမ် ” ဆိုပြီးလဲ ပြောထားပါသေးတယ်။


နောက်ပြီးသူမ အပြင်မှာလိမ်ညာထားပြီး တရားခွင်မှာ အမှန်ထွက်ဆိုခဲ့တာတွေကိုလဲပြောပြခဲ့ပါတယ်။ သူပြောပြတာကတော့ ” လောလောဆယ် ပြောချင်တာကတော့ အဲ့နေ့က ထွက်ချက်တွေထဲမှာ သူ့လက်သည်းတွေဟာ ဆက်ထားတဲ့ လက်သည်းအတုတွေပါ ဆိုတာ သူကိုယ်တိုင် ထွက်ဆိုခဲ့သလို ပရိသတ်မျက်ရည်ကိုချူခဲ့တဲ့ မီဒီယာမှာပြောဆိုခဲ့တာတွေနဲ့လဲ ၉၉ ရာခိုင်နှုန်း ကွဲလွဲနေခဲ့ပါတယ်။ နောက်မှ အေးအေးဆေးဆေး အဲ့အကြောင်းပြောပါဦးမယ်။ ဘာကြောင့် တံခါးပိတ်စစ်ဖို့ တောင်းဆိုခဲ့တာလဲဆိုတာကတော့ သူ မီဒီယာမှာ ညာခဲ့တာတွေကို ဘူးပေါ်သလိုပေါ်မှာဆိုးလို့ ပဲဖြစ်တယ်။ သတ္တိရှိရင် ကိုယ်မှန်တယ်ဆိုရင် မီဒီယာကို တရားခွင်ထဲပေးဝင်လိုက်ပါ ။ ပွင့်ပွင့်လင်းလင်းပေါ့ ” ဆိုပြီး စိန်ခေါ်လိုက်ပါတယ်။


အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစ္စဏီရဲ့ ညီအကိုဝမ်းကွဲဖြစ်သူက တရားလိုဘက်ကလိမ်ညာနေတာတွေကိုလဲ ဖော်ထုတ်မယ့်အပြင် အမှန်တရားပေါ်ပေါက်ဖို့ကိုလဲ သူ့အနေနဲ့ ညီဖြစ်သူအတွက် ကြီုးစားပေးသွားမယ်လို့ ပြောထားပါသေးတယ်။


ချစ်ပရိသတ်ကြီးရေ တရားခွင်ပေါ်က အဖြစ်မှန်တွေကို ဖတ်ရှု့ပြီး ခံစားပေးနိုင်ကြပါစေ။ ချစ်ရပါသော ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်၇ှိပါတယ်။

Credit-Momolay

%d bloggers like this: