မှော်ဝင်သမန်းကျား ဇာတ်ကားရိုက်ကူးရင် ကျားကိုက်ခံခဲ့ရတဲ့ ခွန်းဆင့်နေခြည်

နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ ခွန်းဆင့်နေခြည်တစ်ယောက် သူမပါဝင်ရိုက်ကူးထား တဲ့ ” မှော်ဝင်သမန်းကျား ” ဇာတ်ကားမှာ သူမအနဲ့အတူ အဖွဲ့သားတွေရဲ့ အပြတ်အသတ် ကြိုးပမ်းမှုတွေကို တင်ပြထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက် ကူးပြီး သူထူးစံနဲ့ ခွန်းဆင့်နေခြည်တို့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကျားအစစ်တွေနဲ့ရိုက်ကူးထားတာဖြစ်ပြီး တကယ့်ကိုသဘာဝဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ် ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။

 

သူထူးစံကလည်း ကျားအကုတ်ခံရပြီး ခွန်းဆင့်နေခြည်ဟာလည်း ကျားဟပ်ခံရတာကြောင့် ကျားရူးမပြန်အောင် ဆေးရှစ်လုံးထိုးခဲ့ရတဲ့အထိကို ပင်ပင်ပန်းပန်း စွန့်စွန့်စားစား ရိုက်ကူး ခဲ့ကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို 2014 ခုနှစ်ကတည်းက စတင်ရိုက်ကူးခဲ့ပြီး လေးနှစ် တာအချိန်ယူပြီး ရိုက်ကူးခဲ့ရတဲ့ အမိုက်စား စွန့်စားခန်းဇာတ်ကားတစ်ကေားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို မင်းသမီးခွန်းဆင့်နေခြည်ကိုယ်တိုင် ထုတ်လုပ် ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားအတွက် ကြိုးပမ်းမှုတွေကို ” ခုနှစ်ကြိမ်ပြန်ရိုက်ခဲ့ရတယ် ဂျူတီ 60 ကျော်တယ် ကင်မရာမန်း – 9 ယောက်ပါဝင်တယ် အယ်ဒီတာ – 6 ယောက်ပြောင်းခဲ့ရတယ် ဒါရိုက်တာ အကူ နှစ်ယောက်ပါတယ် ရိုက်ကွင်းပေါ်မှာပါဝင်ပတ်သတ်ကူညီပေးသူ အယောက် 100 ကျော်ရှိတယ် ရူတင်မန်နေဂျာ လေးယောက်ရှိတယ် Animation တွေမအောင်ခဲ့လို့ကျား အစစ် တွေကိုထည့်သွင်းအသုံးပြုထားတယ် ပါဝင်သူသရုပ်ဆောင်၂ ယောက် ကျားနဲ့ အက်စီး ဒင့်ဖြစ်ခဲ့တယ် ရန်ကုန်မှာအစအဆုံးပြီးပြီးသားကို Producer အဖွဲ့ဝင်များက စိတ်ကျေနပ်မှု အားနည်းခဲ့လို့ ထိုင်းနိုင်ငံမှာ နောက်တစ်ကြိမ် အစအဆုံး ပြန်လုပ်ခဲ့ကြတယ် 2013 ဒီဇင်ဘာ 14 ရက်နေ့ကစရိုက်ခဲ့တယ် လေးနှစ်ကျော်ကြာခဲ့တယ် အခုရုံတင်ဖို့အတွက် အားလုံး Ready!!!!! ပရိသတ်ကြီးအားပေးဖို့အဆင်သင့်ဘဲလား ” ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရုံတင်ရင်အားပေးဖို့ အဆင်သင့်ပြင်ထားလိုက်ပါတော့လို့။

 

Photo – WERE TIGER

%d bloggers like this: