မြန်မာကို အရှက်ခွဲတဲ့ အရူးမကြီးလို့ အဆဲခံလိုက်ရတဲ့ သရုပ်ဆောင် စမိုင်းလ်

တစ်ချိန်က သရုပ်ဆောင်လောကမှာ ပရိသတ်တွေအရမ်းချစ်ခင်ခဲ့ကြတဲ့ မင်းသမီး​ချော​လေး စမိုင်းလ်ကတော့ လတ်​တ​လောမှာ မိသားစုနဲ့အတူ ကမ္ဘာအနှံ့ ခရီးထွက်​​နေတာပဲ ဖြစ်​ပါတယ်​။ သူမက​တော့ အမြဲလိုလို ပွင့်​ပွင့်​လင်းလင်​နဲ့ အရိုးရှင်းဆုံး​နေထိုင်​တတ်​တာ​ကြောင့်​ ပရိသတ်​​တွေက သူမကို အမြဲ​စောင့်​ကြည့်​​နေကြတာပါ။ မြန်​မာလူမျိုးကို ချစ်​မြတ်​နိုးလွန်းတဲ့ စမိုင်းလ်​က​တော့ ဘယ်​နိုင်​ငံ​ရောက်​​ရောက်​ မြန်​မာ့ရိုးရာဝတ်​စုံကို ဂုဏ်​ယူစွာ ဝတ်​ဆင်​​လေ့ရှိပါတယ်​။ တ​လောကလည်း စပိန်​နိုင်​ငံ​ရောက်​တုန်း မြန်​မာဝတ်​စုံ​လေးနဲ့ ​လျှောက်​လည်​ခဲ့တာကို ချစ်​ပရိသတ်​​တွေအတွက်​ live လွှင့်​​ပေးခဲ့တာပါ။ ပွင့်​လင်းစွာ​နေထိုင်​တတ်​လွန်းတဲ့စမိုင်းလ်​ကို​တော့ လူတစ်​ချို့က အဆိုပါ liveကိုကြည့်​ပြီး အမြင်​မတူစွာ ဆဲဆိုခဲ့ ကြတာပဲ ဖြစ်​ပါတယ်​။

စမိုင်းက​တော့ ခင်​ပွန်းဖြစ်​သူရိုက်​​ပေးတဲ့ live မှာလွတ်​လပ်​​ပေါ့ပါးစွာနဲ့ က​လေးတစ်​​ယောက်​လို ​ပျော်​​နေတာပါ​နော်​။

စမိုင်းက​တော့ သူမရဲ့ liveကိုကြည့်​ပြီး ဆဲဆို​နေကြတဲ့သူ​တွေ​ကြောင့်​ ​နောက်​ live မရိုက်​​တော့မယ့်​အ​ကြောင်းကို “​မောင် Live လုံးဝမရိုက်တော့ဘူးတော်ပြီ အရူးမကြီးမြန်မာကိုအရှက်ခွဲတယ်တဲ့ဆဲကုန်ပြီ ဗျဲ မောင့်ကိုတတ်မယ် ရိုက်နဲ့တော့ အဟင့်😩” ဆိုပြီး သူရဲ့ ​ဖေ့စ်​ဘုတ်​​ပေ့ခ်ျ​မှာ ​ရေးသားထားတာ ​တွေ့ရပါတယ်​။

စပိန်​မှာ မြန်​မာဝတ်​စုံကြီး ဝတ်​ပြီး ​ပျော်​​ပျော်​ကြီး​လျှောက်​လည်​​နေတဲ့ စမိုင်းလ်

လမ်း​ဘေးမှာ သီချင်းဆို​နေတဲ့သူ​နဲ့​တောင်​ အတိုက်​အ​ဖောက်​ညီညီ ကလိုက်​​သေးတဲ သူမ

စမိုင်းလ်​က​တော့ အခုလက်​ရှိမှာ ပြင်​သစ်​နိုင်​ငံသို့ အလည်​​ရောက်​ရှိ​နေပြီပဲ ဖြစ်​ပါတယ်​။

ဇနီးသည်ကို အရမ်းချစ်တဲ့ စမိုင်းလ်​ရဲ့ခင်​ပွန်းက​တော့ တ​လောကပဲ ချစ်​ဇနီးသည်​ကို သိန်း၈၀၀၀တန်​ ကားကြီးကို ​မွေး​နေ့လက်​​ဆောင်​ ​ပေးခဲ့ပါ​သေးတယ်​။ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ လတ်တလောမှာ အရမ်းကိုချစ်စရာကောင်းတဲ့ မီးမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေရော မြန်​မာဝတ်​စုံကြီးနဲ့ နိုင်​ငံခြားခရီးကို ​ပျော်​​ပျော်​ကြီးလှည့်​ပတ်​ထွက်​​နေတဲ့ စမိုင်းလ်ကို ဆဲကြတဲ့သူ​တွေအ​ပေါ် ဘယ်လိုမြင်လဲဆိုတာ ပြောသွားခဲ့ပါဦးနော်။

မူရင်းရေးသားသူ-မိုမိုလေး

%d bloggers like this: