ကလေးတွေအောင်မြင်စွာနဲ့ ကယ်ထုတ်ပြီး နောက်ဆုံးထွက်လာတဲ့ သူရဲကောင်းကြီးအတွက် ကြားလိုက်ရတဲ့ သတင်းဆိုး

သြစတြေးလျား တနိုင်ငံလုံးသာမက ကမ္ဘာအနှံကပါ သူ့စွမ်းဆောင်မှုကို ကြားတိုင်းချီးကျူးဂုဏ်ယူခဲ့ကြရသလို ယနေ့မှာတော့ သူ့အဖြစ်ကို ကြားတဲ့သူတိုင်း စိတ်မကောင်းခြင်းများစွာ ဖြစ်ခဲ့ကြရပါတယ်။

သူဆိုတာကတော့ …

မနေ့ညက လှိုင်ဂူထဲမှာ ပိတ်မိနေခဲ့ကြတဲ့ ကလေးငယ် ၁၃ ယောက်မှ နောက်ဆုံးအသုတ်ကို ကယ်တင်ပြီးနောက်မှာ လှိုင်ဂူထဲက နောက်ဆုံးထွက်လာခဲ့တဲ့သူကတော့ သြဇီဆရာဝန် ရေငုတ်သမားကြီး ဒေါက်တာဟားရစ်ပဲဖြစ်ပါတယ်။

သူတို့ရဲ့ ကယ်ဆယ်ရေးအစီအစဉ် ပြီးဆုံးပြီးလို့ လှိုင်ဂူထဲက သူထွက်လာပြီး မကြာခင်မှာပဲ သြစတြေးလျားနိုင်ငံမှ ဒေါက်တာဟားရစ်ရဲ့ အဖေ ကွယ်လွန်သွားခဲ့ပါတယ်

တကယ့်ကို စိတ်မကောင်းစရာ အဖြစ်အပျက်ပါ။ ဟယ်ရီ့အဖေဟာ မနေ့ညကပဲ သူတို့ထွက်လာပြီး မကြာခင်မှာ သေဆုံးသွားပါတယ်လို့ ဒေါက်တာဟားရစ်ရဲ့ဆရာ ဒေါက်တာပီးရက်ကပြောခဲ့ပါတယ်

“It is with great sadness that I confirm that Harry’s dad passed away last night a short time after the successful rescue operation in Thailand,” Dr Pearce said in a statement on Wednesday.

ထိုင်းနိုင်ငံကို သူမလာခင်မှာလည်း သူ့အလုပ်ကနေ ခွင့်ယူပြီး Holiday သွားနေစဉ်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကိုအကူအညီလာတောင်းတဲ့အခါမှာတော့ နှစ်ခါပြန်မစဉ်းစားခဲ့ပဲ သူ့အနားယူရက်တွေကို ပစ်ထားခဲ့ပြီးကလေးတွေ ကယ်ဆယ်ရေးမှာ နိုင်ငံတကာ ရေငုတ်တပ်ဖွဲ့နဲ့အတူ လာရောက်ပူးပေါင်းပြီး ကလေးတွေ ကျမ္မာရေးစောင့်ရှောက်နိုင်ဖို့ လှိုင်ဂူထဲမှာ အတူသွားနေခဲ့တာ မနေ့က အုပ်စုရဲ့ နောက်ဆုံးမှ သူထွက်လာခဲ့ပါတယ်

“He was actually meant to be on holiday and gave up his holiday so that he could be part of this.”

ခုတော့ သူ့အဖေဆုံးတာ သူသိသွားလို့ စိတ်မကောင်းဖြစ်နေတယ်။ ကျတော်ကပဲ သူ့ကိုပြောခဲ့တာပါ။ ယခုအချိန်မှာ လှိုင်ဂူထဲမှာ ကလေးတွေနဲ့အတူ နေလာခဲ့တဲ့ ဒေါက်တာဟားရစ်ကိုယ်တိုင် ဆေးကုသမှုခံယူနေပါတယ်။ မကြာခင်မှာသူသြစတြေးလျားနိုင်ငံကို ပြန်လာတော့မှာပါ။ဒီတစ်ခါတော့ သူပြန်ရောက်ရင် သူ့မိသားစုအတွက်အချိန်ပေးနိုင်ဖို့ ခွင့်ထပ်ပေးပါလို့ ဒေါက်တာဟားရစ်က ပြောခဲ့ကြောင်း သူ့ဆရာက မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ဖြေကြားခဲ့ပါတယ်

We So Proud Of You Dr Harris 😍😘

ZN.H

%d bloggers like this: