သာမန်လူတွေတောင် ရဖို့ခဲယဉ်းလှတဲ့ ကုသိုလ်ကံမျိုးကို စင်ကာပူမှာ တိုက်တိုက်ဆိုင်ဆိုင် ရခဲ့တဲ့ အဆိုတော် ပိုပို

နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်တဲ့ အဆိုတော် ပိုပိုကတော့ လတ်တလောမှာ စင်္ကာပူနိုင်ငံကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ စင်္ကာပူမှာတော့ ပိုပိုတစ်ယောက် ကံကောင်းစွာနဲ့ပဲ မိုင်းဖုန်းဆရာတော်ကြီးရဲ့ တရားပွဲနဲ့ကြုံခဲ့ပြီး တရားနာခွင့်ရခဲ့တယ်လို့ သူမရဲ့ လူမှုစာမျက်နှာကတဆင့် ရေးသားထားတာ တွေ့ရပါတယ်။ သူမအနေနဲ့ အလွန်ကိုပဲ ဝမ်းသာပီတိဖြစ်မိကြောင်းကို ယခုလိုရေးသားထားတာ တွေ့ရပါတယ်။

“Singapore ကို ကိုယ်လဲရောက် မိုင်းဖုန်းဆရာတော် တရားပွဲနဲ့ ကြုံကြိုက်လို့ တရား နာ ကုသိုလ်ယူခဲ့ပါတယ် ကံကောင်းစွာနဲ့ ဖူးခွင့်တရားနာခွင့် ရခဲ့ပါတယ် တကယ့်ကို တန်ဖိုးရှိတဲ့ တရားတွေနာခဲ့ပါတယ်

မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတရားကို လက်ကိုင်ထားသင့်ကြောင့် နဲ့ အတင်း ပြောတာမကောင်းကြောင်း မကောင်းတာ ဆိုရင် မနောကံ ဝဇီကံ ကာယကံ ထိန်းသင့်ကြောင့် မိဘ ကို ဘုရားတစ်ဆူလို သဘောထားသင့်ကြောင်း အများကြီး ဟောပါတယ် ဘာသာပြန်ဟောပေးတဲ့ Oxford ဆရာတော်ဘုရားကြီးကိုလဲ ကန်တော့ပါတယ် အချစ်မရှိ ဒုက္ခမရှိ ပါတဲ့ကွယ်” ဆိုပြီး ရေးသားထားပါတယ်။

ပိုပိုဟာ မကြာခင်က “Let me kiss you” ဆိုတဲ့ သီချင်းအသစ်တစ်ပုဒ်ကို အွန်လိုင်းမှာ တင်ပေးခဲ့ပြီး ပရိသတ်တွေကြား အတော်လေးပေါက်ခဲ့ပါတယ်။ ဒီသီချင်း mtv ကိုတော့ အောင်ရဲလင်းနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး ဇာတ်ဝင်ခန်းအချို့ကတော့ ပရိသတ်တွေကြား လူပြောများခဲ့ပါသေးတယ်။ လက်ရှိမှာတော့ စင်္ကာပူကို ရောက်ရှိနေတာဖြစ်ပြီး သူမအနေနဲ့ ဘန်ကောက်မှာ Vocal ပိုင်း Piano ပိုင်းနဲ့ပတ်သတ်ပြီး training သွားရောက်လေ့ကျင့်ဖို့လည်း ရှိတယ်လို့ သိရပါတယ်။

Source : myanmarload

%d bloggers like this: