လူမှုကွန်ယက်မှာ အရမ်းကို လူပြောများနေတဲ့ အဆိုတော်မိုးမိုး သမီးလေးရဲ့ ဗီဒီယိုဖိုင်လေး

တေးသံရှင်မိုးမိုးကတော့ လူလတ်ပိုင်းပရိသတ်တွေကြားမှာတော်တော်လေးကိုဟော့ဖြစ်ခဲ့တဲ့ သီချင်းကောင်းတွေနဲ့ ဂီတလောကမှာ အောင်မြင်မှုအခိုင်အမာရရှိနေဆဲအဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ချစ်ရတဲ့အိမ်သူသက်ထားဇနီးမယားလေးနဲ့ သာယာပျော်ရွှင်ဖွယ်အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားပြီး မကြာသေးခင် မှမိုးမိုးတစ်ယောက် ဖေဖေဆိုတဲ့ရာထူးလေးကို အဆင့်တက်ခဲ့တာပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံ့ဟာ ချစ်စရာကောင်းတဲ့သမီးလေးချောလေးကို အောင်မြင်စွှာမွေးဖွားခဲ့ပြီဖြစ်ပြီး သမီးလေးဟာလက်ရှိမှာတော့ (၄)အရွှယ်ဘေဘီလေးဖြစ်နေပြီပဲဖြစ်ပါတယ်။

မိုးမိုးကတော့ ဂီတသမားတစ်ဦးဖြစ်သည့်အလျောက် သမီးရဲ့ နာမည်ကို မိုးအိပ်မက်လွှာလို့ ကဗျာဆန်ဆန်လေးမှည့်ပေးထားပါတယ်။ ဖေဖေနဲ့တစ်ထေရာတည်းရုပ်ချင်းဆင်တဲ့အဖေတူသမီးချောလေး ဖြစ်ပြီး ချစ်မွေးပါတဲ့သမီးလေးကို မြင်သူတိုင်းကချစ်မဝဖြစ်နေရပါတယ်။လက်တလောလူမှုကွန်ယက်မှာလည်း သမီးလေးရဲ့ ချစ်စရကောင်းတဲ့ ဗီဒီယိုလေးတစ်ခုကြောင့် ပရိသတ်တွေပြောမဆုံးနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

ဗီဒီယိုလေးထဲမှာတော့ မပီကလာပီကလာ ချစ်စဖွယ်အသံလေးနဲ့ ဖေဖေဖြစ်သူကိုသီချင်းတွေသီဆိုပြနေတာပဲဖြစ်ပါတယ်။သေးသေးလေးနဲ့ တကယ့်ကိုဂီတသွေးတဲ့ ဖေဖေ့ခြေရာနင်းမယ့်သမီးချောလေးပဲဖြစ်ပါတယ်နော်။ချစ်စရာကောင်းတဲ့အပြုံးချိုချိုလေးနဲ့သမီးလေး မိုးအိပ်မက်လွှာရဲ့ ဗီဒီယိုဖိုင်လေးကတော့ လူမှုကွန်ယက်မှာကြည့်ရှု့သူအရမ်းများခဲ့ပြီး မိုးမိုးတစ်ယောက်ကတော့ ချစ်သမီးလေးကြောင့် မျက်နှာပွင့်နေရတာပဲဖြစ်ပါတယ်။ချစ်ဖို့အားကြီးကောင်းပြီးအသဲယားဖို့ကောင်းလွန်းတဲ့ သမီးလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။


သတင်းအရင်းအမြစ် – မိုးမိုး

%d bloggers like this: