ဖြိုးမြတ်အောင်ကို အလွန်အကျူးတွေ မြှောက်ပင့်ပြောနေတဲ့ ဒိုင်ကို ဒဲ့ပြောလိုက်တဲ့ ပန်ဆယ်လို

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့မြန်မာအိုင်ဒေါ မှာ ဒိုင်တစ်ယောက်ဖြစ်သူ မြန်မာပြည်သိန်းတန်ကတော့ ပြိုင်ပွဲဝင်ဖြိုးမြတ်အောင်ကို ပတ္တမြားနဲ့ နှိုင်းဆိုပြီး ဝေဖန်သူများကို ဝက်နဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။

ပန်ဆယ်လိုကတော့ ဖြိုးမြတ်အောင်ကို အလွန်အကျူးတွေ မြှောက်ပင့်ပြောနေတဲ့ ဒိုင်ကိုယခုလိုပြောခဲ့ပါတယ်။ ” ဖြိုးမြတ်အောင်လေးကို ဒိုင်သတ်နေသလို ခံစားရတယ်။ ဆိုတာ ကောင်းနေလျက်နဲ့ အလွန်အကျူးတွေ မြှောက်ပင့်ပြောတော့ သူဆိုတာကောင်းနေတာတောင်အဲ့လောက်မဟုတ်ပါဘူးကွာဆိုပြီး ခံစားရတယ်။

တမင်ကြီး မြှောက်ပင့်သလိုနဲ့ ရိုက်ချနေတာကြီး ရဲနောင်တုန်းက အန်ကယ်သုံးခဲ့တဲ့ အကွက်တွေနဲ့ ပုံစံမတူပေမယ့် ရည်ရွယ်ချက်တူနေသလိုပဲ။ ပရိသတ်မုန်းသွားအောင် တစ်ဖက်လှည့်နဲ့ လုပ်နေသလိုပဲ။ ကိုယ်ကတော့ အန်ကယ့်မျက်နှာကြီးပဲလက်ဝါးနဲ့ လာပွတ်ချင်မိတယ်။😏😏😏” လို့ လူမှုကွန်ယက်မှာပြောလိုက်ပါတယ်။

လူမှုကွန်ယက်မှာတော့ ဖြိုးမြတ်အောင်ဟာ လူပြောများ နာမည်ကြီးနေပြီး ဝင်နာတစ်ယောက်ဖြစ်လိမ့်မယ်လို့ပါ အများစုက ခန့်မှားထားကြပါတယ်။

ပန်ဆယ်လို အကောင့်မှကူးယူဖော်ပြပါသည်။

Credit-Popping Box

%d bloggers like this: