ဒိုင်တွေက ပွဲစဉ်တလျှောက်တစ်ကြိမ်ပဲသုံးရတဲ့ Save ကိုလုပ်ခဲ့ပေမယ့် မပျော်ဘူးလို့ ပြောခဲ့တဲ့ နေခန့်မင်းသစ်

ဆံပင်ရှည်ရှည်လေးနဲ့ အမြဲပြုံးရွှင်နေတတ်တဲ့ နေခန့်မင်းသစ်ကတော့ ဒီတစ်ပတ် TOP 6 မှာပဲ ထွက်ရမလိုဖြစ်ခဲ့ပေမဲ့ ပြုံးပြုံးလေးနောက်ဆုံးသီချင်းကိုသီဆိုနိုင်ခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ ဒိုင်တွေ ရဲ့ အပြင်းအထန်ဆွေးနွေးပြီးမှာတော့ Save ဖြစ်သွားခဲ့တာပါ။ဒါပေမယ့် သူ့ကို Save လုပ်ခဲ့တာကို မပျော်ဘူးလို့ ဆိုခဲ့ပါတယ်။နောက်တစ်ပတ်မှာ သူ့အစားနှစ်ယောက်ထွက်ရမှာဖြစ်တဲ့အတွက်စိတ်မကောင်းကြောင်းပြောဆိုခဲ့ပါတယ်။ အဲ့ ၂ ယောက်ထဲမှာ သူပါခဲ့ရင်တော့ ဘာမှမဖြစ်ပေမယ့် သူမပါပဲ သူ့သူငယ်ချင်း ၂ ယောက်သာ ထွက်ခဲ့ရမယ်ဆိုရင် တစ်သက်လုံး သူ့ကိုယ်သူခွင့်လွတ်နိုင်မှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

နောက်တစ်ပတ်မှာတော့ နှစ်ယောက်နှုတ်ထွက်ရမှာပါ။ SAVE ကို ပွဲစဉ်တစ်လျှောက်တစ်ကြိမ်သာသုံးခွင့်ရှိတာပါ။ ဒီတစ်ပတ် Bottom ထိုင်ရတဲ့သုံးယောက်ကတော့ ချမ်းမြေ့မောင်ချို၊ နေခန့်မင်းသစ်၊ ငွေဇင်လှိုင်းတို့ဖြစ်ကြပါတယ်။မနေ့က Myanmar Idol Season 3 Top 6 ပြိုင်ပွဲဝင်များက LATIN တေးသီချင်းများ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ကိုသက်ဖြိုး (MyanmarNote)

%d bloggers like this: