လှိုဏ်ဂူထဲမှာ ပိတ်မိနေတော့မှ နှစ် ၂၀ ကျော် ကွဲကွာနေတဲ့ အမနဲ့ ပြန်တွေ့ခဲ့ရတဲ့ နည်းပြလေး

ထိုင်းမယ်ဆိုင် ဂူမှာပိတ်မိနေတဲ့ သတင်းထုတ်လွင့်မှုကို ကြည့်ရင်းနဲ့ နှစ်နှစ်ဆယ် ကွဲကွာသွားတဲ့ တောဝက်နည်းပြ ” ခို့စ်အေ့ โคชเอก ” နဲ့ သူ့အမ ပြန်ဆုံတွေ့ကြတာ ရုပ်ရှင်ဇာတ်လမ်းထဲကလို ဖြစ်နေတယ်။

ထိုင်းမယ်ဆိုင်က ဂူထဲပိတ်မိနေတဲ့ သတင်းကို TV chennel ကနေကြည့်ရင်း ကိုယ့်အဒေါ် TV ဖန်သားအပေါ် တွေ့တဲ့အခါ ဂူမှာပိတ်မိနေတဲ့ တောဝက်နည်းပြဟာ မိမိမောင်လေး ဖြစ်နေတယ်လို့ သိလာရတဲ့ စီ့ဆောင်ပန်းနားမှာနေတဲ့ ရှမ်းတရုတ်မလေး တစ်ယောက် သတင်းထောက် အကူအညီဖြင့် ထိုင်းမယ်ဆိုင် နည်းပြ ခို့စ်အေ့ မိသားစုထံ ဆက်သွယ်လာတယ်။

ရှမ်းတရုတ်မလေးက မိမိ နဲ့ နည်းပြ ခို့စ်အေဟာ ဖအေတူ မအေကွဲ မောင်နှမတော်စပ်ခဲ့ကြောင်း မိမိငယ်စဉ်က မယ်ဆိုင်မှာ လဒ် lux ကျောင်းမှာ မူကြိုအတန်းထိ နေခဲ့ရကြောင်း ရှစ်နှစ် အရွယ်မှ စပြီး အဖွားဖြစ်သူနဲ့ တရုတ်ပြည် စီ့ဆောင်ပန်းနားမြို့ သို့ရောက်လာသဖြင့် နည်းပြ ခို့စ်အေ့ နဲ့ အဆက်အသွယ်ပြတ်သွားတာ နှစ်နှစ်ဆယ် ရှိပြီး ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားပြီး ထိုင်းမယ်ဆိုင်ရှိ မိသားစုများကို ဆက်သွယ်ပေးရန် သတင်းထောက်များကို လာရောက် အကူအညီ တောင်းသည်။

ခို့စ်အေ့တို့ ဖိုးဘွားများရဲ့ ဇာတိအရင်းမှာ ရှမ်းရှေ့ မိုင်းယောင်း ဇာတိဖြစ်တယ်လို့သိရတယ်။ငယ်စဉ်ကတည်းက မိဘဆုံးသွားပြီး ခို့စ်အေ့ရှစ်နှစ်အရွယ်၌ တာချီလိတ် ဆန်ဆိုင်း (ခ) နဂါးနှစ်ကောင် ကျောင်းတိုက်မှာ ကိုရင်ဝတ်ပြီး ခြောက်လခန့်အကြာ ထိုင်း ဇင်းဟိုင်းခရိုင် လန့်ပွန်းမြို့ ဘုန်းကြီးကျောင်းသို့ ပြောင်းလာပြီး ပရိယတ္တိစာပေများကို သင်ကြားလေ့လာခဲ့သည်။

အသက်နှစ်ဆယ်ရလာတဲ့ အခါ အဖွားဖြစ်သူ အသက်ရွယ် အိုမင်းလာသဖြင့် ကိုရင်ဘဝမှ လူထွက်ပြီး အိမ်မှုကိစ္စများကို အဒေါ် နဲ့အတူ ဝိုင်းဝန်းကူညီဖို့ ဆုံးဖြတ်လိုက်တယ်။နည်းပြ ခို့စ်အေ့ သည် သာသနာ့ဘောင်မှာ စွန့်ခွာသွားသော်လည်း မိမိအားလပ်ချိန်မှာ ဘုန်းကြီးကျောင်းကို နေ့တိုင်းသွားပြီး ဝေယျဝစ္စ လုပ်အားပေးခဲ့တယ်။

သူနေဖူးတဲ့ ကျောင်းထိုင်ဆရာတော်များလည်း ခို့စ်အေ့ ကိုရင်ဘဝတုန်းကလည်း ကျောင်း နာမည်ပျက်အောင် တစ်ခါမှ မလုပ် ဆရာ စကားကိုနားထောင်တဲ့ ကိုရင်ဖြစ်ကြောင်း မိမိကြောင့် သူတစ်ပါးကို စိတ်ပူပင်သောကဖြစ်အောင်လည်း ဘယ်တော့မှ မလုပ်ခဲ့ဖူးကြောင်း ကျောင်းထိုင်ဆရာတော်များက ချီးမွမ်း စကားဆိုကြတယ်။

သူတော်ကောင်းမို့လို့ နတ်ကောင်းလည်းပြုစု စောင့်ရှောက်ပေးတာကြောင့် ဂူထဲပိတ်မိတာတောင် အန္တရာယ်ကင်းကင်း နဲ့ပြန်လွတ်မြောက်လာပြီး ကိုယ့်အမ နဲ့လည်း ပြန်လည်တွေ့ရတော့မယ်။ ထိုင်းကလည်း နိုင်ငံသားအဖြစ်သတ်မှတ်ပေးရတော့မယ်ဆို့တော့ ခို့စ်အေ့ အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်

Credit

%d bloggers like this: