အောက်တိုဘာလ ၂၆ ရက်နေ့ ယနေ့ညမှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားတစ်ဦးဖြစ်သူ အောင်လအန်ဆန်းနဲ့ ကရာကီတို့ရဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့်ပွဲစဉ်တွေကို ကြည့်ရှုရတော့မှာဖြစ်ပါတယ်။ အောင်လအန်ဆန်းပွဲကိုတော့ သုဝဏ Stadium မှာပြုလုပ်ကျင်းပမှာဖြစ်ပြီး လက်မှတ်မရရှိတဲ့ ပရိသတ်တွေအတွက်တော့ Lion အားဖြည့်အချိုရည်က LED board နဲ့ အများပြည်သူကြည့်ရှုနိုင်အောင် ဗန္ဓုလပန်းခြံရှေ့မှာ Live ပြသသွားမှာဖြစ်ပါတယ်။
ထိုပွဲလေးကိုတော့ နိုင်ငံကျော်အဆိုတော်တွေလည်း လာရောက်ဖျော်ဖြေကြမှာဖြစ်ပါတယ်။ ဒီနေ့မှာထူးခြားတာလေးတစ်ခုကတော့ ပွဲစတင်ဖို့ ခင်းကျင်းထားတဲ့အချိန်မှာ ဦးလေးကြီးတစ်ယောက်ရဲ့ အလန်းစားကပြမှုက ပရိသတ်တွေအကြား သဘောကျစရာဖြစ်နေခဲ့ပါတယ်။တစ်ယောက်တည်း တီးလုံးနဲ့ စည်းချက်ကိုက်ပြီးကနေတဲ့ ဦးလေးကြီးရဲ့အကဟာ လူမှုကွန်ယက်က ပရိသတ်တွေအကြားပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အောင်လအန်ဆန်းပွဲမလာခင်မှာ ဦးလေးကြီးရဲ့Dance အကကို ကြည့်ရှုခံစားလိုက်ရတာဖြစ်ပါတယ်။
Lion အားဖြည့်အချိုရည်ရဲ့ ပံ့ပိုးမှုနဲ့အတူ တွေ့ရတဲ့ အောင်လအန်ဆန်း
အလန်းစားကကွက်တွေနဲ့ အပီအပြင် ကနေတဲ့ ဦးလေးကြီး
မဟာဗန္ဓုလ ပန်းခြံရှေ့မှာ အလန်းစားကနေတဲ့ ဦးလေးကြီး
အောင်လအန်ဆန်းပွဲမလာခင် ကြည့်လိုက်ရတဲ့ အက
Video Source-Drak Pis