မြန်မာနိုင်ငံရဲ့ အလံကို ဂုဏ်ယူဝံ့ကြွားစွာ လွှင့်ထူနိုင်တဲ့ မြန်မာနိုင်ငံသားတွေ အများကြီးရှိပါတယ်။ အောင်လအန်ဆန်းလိုမျိုး ကမ္ဘာ့အလယ်မှာ မြန်မာကို ဒီထက်ပိုမိုသိရှိအောင် စွမ်းဆောင်နိုင်တဲ့ နိုင်ငံ့ဂုဏ်ဆောင်တွေလည်း ရှိနေခဲ့ပါတယ်။ သူ့လိုမျိုးပဲ မြန်မာနိုင်ငံသားတွေ သိပ်မသိကြပေမယ့် ကမ္ဘာ့အလယ်မှာ မြန်မာ့အလံကို အမြဲလွင့်ပြီးဂုဏ်ယူနေတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ပါတယ်။ ဒီကောင်မလေးနာမည်ကတော့ Nicola Barke ဖြစ်ပါတယ်။သူမဟာ အောင်လအန်ဆန်းလိုမျိုးပဲ ဖေ့ဘုတ်ပေ့ခ်ျမှာလည်း Nicola the Burmese Python လို့ ဖွင့်ထားပြီး ပြိုင်ပွဲတိုင်းမှာ မြန်မာအလံနဲ့သာအောင်ပွဲခံတတ်သူဖြစ်ပါတယ်။
သူမ အမေက တော့ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီးတော့သူမကို ဗြိတိန်မှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ ဗြိတိန်မှာမွေးဖွားပြီး ကြီးပြင်းလာတဲ့ဗြိတိန်နိုင်ငံသူဖြစ်ပေမယ့် သူမဟာ သူမအမေရဲ့ အမွေကိုသာခံယူတဲ့အနေနဲ့ ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံရဲ့ အလံနဲ့သာ အောင်ပွဲခံတတ်သူဖြစ်ပါတယ်။ တိုက်ကွမ်ဒိုပညာရပ်ကို ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့အပြင် ကမ္ဘာတစ်ဝန်းက တိုက်ကွမ်ဒိုတိုက်ခိုက်ရေးပွဲတွေမှာလည်း ဆုတံဆိပ်ပေါင်း ၃၀ လောက်ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
သူမဟာလည်းအောင်လအန်ဆန်းလိုပဲ မြန်မာ့စပါးကြီးမြွေ မလေးဖြစ်နေခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေ သိသူရှားပါးလှတဲ့ သူမရဲ့ ဇာတ်ကြောင်းတွေကို ဂုဏ်ယူဝမ်းမြောက်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ခုလိုမျိုးမြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ ဂုဏ်ယူစွာချပြနေတဲ့ Nicola Barke အတွက် ဝန်းရံအားပေးဖို့ကတော့ ပရိသတ်ကြီးရဲ့ တာဝန်ပဲလို့ ထင်မြင်မိရင်းဂုဏ်ပြုရေးသားလိုက်ပါတယ်။We Love Cele
Source-ဖြိုးဝေ ဖေ့ဘုတ်အကောင့်မှ ရေးသားဖော်ပြချက်များကို ကိုးကားပြီးပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်။
Photos-Nicola The Burmese Python