(၁၂)ရာသီဖွားတွေ ရာသီခွင်အလိုက် ပြောတတ်တဲ့စကားတွေ

0
72

နက္ခတ်ဗေဒင်အရ ရာသီခွင်တစ်ခုချင်းစီမှာ စရိုက်လက္ခဏာတွေ၊ အကျင့်တွေ မတူကြပါဘူး။ တချို့ရာသီခွင်တွေကြတော့ အကြောင်းအရာသေးသေးလေးကိုတောင် လိမ်ရတာကြိုက်ကြတယ်။ အဲ့ဒီရာသီခွင်က သူတွေက အကျပ်အတည်း အခြေအနေတစ်ခုကိုရောက်နေပြီဆိုရင်တော့ လှည့်ပတ်ပြီး ထွက်တတ်ကြတယ်။ အောက်က အချက်တွေကတော့ ရာသီခွင်အလိုက် ပြောတတ်ကြတဲ့ စကားတွေပဲ ဖြစ်ပါတယ်။

(၁)Aries (မိဿရာသီဖွား – မတ်လ ၂၁ မှ ဧပြီ ၁၉ )

မိဿရာသီဖွားတွေ ပြောတတ်ကြတဲ့ စကားကတော့ “ ငါအဆင်ပြေတယ်” ဆိုတာပါပဲ။ သူတို့က အဲ့လို အဆင်ပြေပါတယ်ပြောပြီး သူတို့ကိုယ်သူတို့ ပြန်အားတင်းဖို့ ကြိုးစားကြတာပါ။ တစ်ယောက်ယောက်က သူတို့ကို “အဆင်ပြေလား” လို့မေးလိုက်ရင် သူတို့ရဲ့အဖြေက အမြဲကို အဆင်ပြေတယ်လို့ပဲ ပြောလေ့ရှိကြတယ်။ တကယ်အဆင်ပြေတာ မဟုတ်လည်း အဆင်ပြေတယ်လို့ပဲ ပြောတတ်ကြတာပါ။

(၂) Taurus (ပြိဿရာသီဖွား – ဧပြီ ၂ဝ မှ မေ ၂ဝ )
 


ပြိဿရာသီဖွားတွေမှာ ကောင်းတဲ့အကျင့်လေးတွေရှိသလို မကောင်းတဲ့အကျင့်လေးတွေလည်း ရှိပါတယ်။ “ငါ မလိမ်တတ်ဘူး” ဆိုပြီးပြောပြောနေတတ်တာ ပြိဿရာသီဖွားတွေပါ။ သူတို့က ရိုးသားမှုနဲ့ ပွင့်လင်းမှုတွေကို တန်ဖိုးထားတတ်ကြယ်။ သူတို့က လူတွေ လိမ်ပြောကြရင် ဝေဖန်တတ်ကြတယ်။ သူတို့ကိုယ်တိုင် မလိမ်ဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။

(၃) Gemini (မေထုန်ရာသီဖွား – မေ ၂၁ မှ ဇွန် ၂ဝ )

“ငါ နောက်မှ ဖုန်းပြန်ဆက်မယ်” ဆိုပြီးပြောပေမယ့် ဖုန်းပြန်မဆက်တတ်တာ မေထုန်ရာသီဖွားတွေပါ။ သူတို့တွေက ဖုန်းနဲ့ အကြာကြီးစကားပြောရတာ မကြိုက်ကြဘူး။ အဲ့ဒါကြောင့် သူတို့ဆီဖုန်းဆက်ရင် missed calls တွေပဲ ဖြစ်၊ စာပို့ထားလည်း ပြန်ချင်မှ ပြန်တတ်ကြတာပါ။ သူတို့က နောက်မှ ဖုန်းပြန်ဆက်မယ်လို့ပြောရင် သူတို့ သတိရမှသာ ပြန်ဆက်တတ်ကြပြီး ဖုန်းပြန်ဆက်ဖို့ကလည်း တော်တော်ကြာတတ်ပါတယ်။

(၄) Cancer (ကရကဋ်ရာသီဖွား – ဇွန် ၂၁ မှ ဇူလိုင် ၂၂)

ကရကဋ်ရာသီဖွားတွေ အပြောအများဆုံးစကားကတော့ “ငါ နောက်ငါးမိနစ်နေရင် ရောက်ပြီ” ဆိုတာပါပဲ။ အဲ့စကားဟာ သူတို့ အိပ်ယာပေါ်ကနေ ပြောတဲ့စကားတွေပါ။ အဲ့လိုပြောလိုက်တာကလည်း ချိန်းထားတဲ့သူကို စိတ်မပျက်စေချင်လို့ဆိုပေမယ့် သူတို့ကိုယ်တိုင်ကလည်း အပြင်ထွက်ဖို့ပြင်ဆင်ချိန်ကြာနေတတ်ပါသေးတယ်။

 
(၅) Leo (သိဟ်ရာသီဖွား – ဇူလိုင် ၂၃ မှ သြဂုတ်၂၂ )

“ဒါက ဘာမှမဟုတ်သေးပါဘူး” လို့ အမြဲပြောတတ်ကြတာ သိဟ်ရာသီဖွားတွေပါပဲ။ အဲ့လိုပြောတာ ဟန်ဆောင်ပြီးပြောတာဖြစ်သလို သူတို့အတွက် အဲ့ကိစ္စက “ဘာမှမဟုတ်သေးပါဘူး” မဟုတ်ပါဘူး။ တခြားသူတွေက သူတို့ကို အထင်ကြီးစေချင်လို့ သူတို့အတွက် ဒီကိစ္စက ဘာမှမဟုတ်သေးပါဘူးဆိုပြီး ဟန်ဆောင်ပြောကြတာပါ။

(၆) Virgo (ကန်ရာသီဖွား – သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ )

ကန်ရာသီဖွားတွေ ပြောတတ်ကြတဲ့ စကားကတော့ “ ငါ သိပြီ ” ဆိုတာပါပဲ။ တစ်စုံတစ်ယောက်က သူတို့ကို ရှုပ်ထွေးတဲ့အကြောင်းအရာတစ်ခုကို ရှင်းပြနေချိန်မှာ သူတို့ အမြဲပြောလေ့ရှိတာက “ငါသိပြီ” ဆိုတာပါ။ တကယ်တော့ သူတို့ ဘာရှင်းပြလိုက်လဲဆိုတာကို နားကို မလည်လိုက်တာပါ။

(၇) Libra (တူရာသီဖွား – စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ )

တူရာသီဖွားတွေကတော့ “ ငါ ဘယ်သူကိုမှ ပြန်မပြောပါဘူး” ဆိုပြီးပြောတတ်ပါတယ်။ သူတို့က လျှို့ဝှက်ချက်တွေကို သူများကို မပြောပြဘူးလို့ ကတိတွေပေးတယ်။ သူတို့ရဲ့ အသိတွေကို သူတို့က လျှို့ဝှက်ချက်တွေကို ထိန်းတတ်တယ်ဆိုတာကို ယုံစေချင်လို့ ကတိတွေပေးတယ်။ ဒါပေမယ့် လျှို့ဝှက်ချက်တွေကို မထိန်းနိုင်ကြပါဘူး။

(၈)Scorpio (ဗြိစ္ဆာရာသီဖွား – အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁)

“ ငါ နင်ကို ခွင့်မလွှတ်နိုင်ဘူး” ဆိုပြီး ပြောပြောနေတတ်တာ ဗြိစ္ဆာရာသီဖွားတွေပါပဲ။ သူတို့စိတ်တိုပြီဆို ပြောပြောနေတတ်တဲ့ စကားပါ။ သူတို့စိတ်တိုပြီဆိုရင် တစ်ဖက်လူ နာအောင် ပြောတတ်ကြတယ်။ သူတို့ပါးစပ်ကသာ ခွင့်မလွှတ်နိုင်ဘူးလို့ ပြောပေမယ့် တကယ်တော့ ခွင့်လွှတ်တတ်ကြပါတယ်။

(၉) Sagittarius (ဓနုရာသီဖွား – နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ )

ဓနုရာသီဖွားတွေ ပြောတတ်တဲ့စကားကတော့ “ အချိန်တိုအတွင်းမှာ ငါ ရအောင်လုပ်မယ်” ဆိုတာပါပဲ။ တကယ်တော့ သူတို့က အချိန်ဆွဲတတ်ကြတယ်။ တခြားသူတွေကို သူတို့ အချိန်တိုအတွင်းရအောင်လုပ်မယ်လို့ ရှေ့ကနေအော်တတ်တယ်၊ ဒါပေမယ့် လက်တွေ့မှာတော့ အမြဲနောက်ကျတတ်တယ်။ ကိစ္စတစ်ခုပြီးဖို့ကို အချိန်ဆွဲတတ်ကြတာပါ။

(၁ဝ)Capricorn (မကာရရာသီဖွား – ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ )

“ ငါ မရယ်ဘူးလို့ ကတိပေးတယ်” ဆိုပြီး ပြောတတ်တာ မကာရ ရာသီဖွားတွေပဲဖြစ်တယ်။ တစ်စုံတစ်ယောက်က သူတို့ကို အကြောင်းအရာတစ်ခုခုပြောပြချင်လို့ “ မရယ်ရင်ပြောပြမယ်” ဆိုပြီးပြောတယ်။ သူတို့ကလည်း “ ငါ မရယ်ဘူးလို့ ကတိပေးတယ်” ပြောပေမယ့် နောက်ဆုံးတော့ ရယ်တာပါပဲ။

(၁၁) Aquarius (ကုံရာသီဖွား – ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ )

“ နောက်တာပါ ” လို့ပြောပြောတတ်တာ ကုံရာသီဖွားတွေပါပဲ။ တစ်ခါတစ်လေ သူတို့ရဲ့ ဟာသတွေက ရိုင်းနေတတ်တယ်။ အဲ့ဒါကို လူတွေရယ်အောင်ဆိုပြီး “ နောက်တာပါ ” လို့ပြောပြီး တကယ်တော့ စနောက်တာ မဟုတ်ပါဘူး။

(၁၂) Pisces (မိန်ရာသီဖွား – ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ )

ဝေဖာတို့၊ ချောကလတ်တို့ကို “ငါ တစ်ကိုက်ပဲ ကိုက်မှာ” ဆိုပြီး တစ်ဝက်လောက်ထိ စားလိုက်မိတာ မိန်ရာသီဖွားတွေပဲဖြစ်တယ်။