ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာဆိုပြီးပဲခေါင်းစဉ်တပ်ချင်တယ်

0
149

အမအနေနဲ့မိဘမဲ့ကလေးတွေအပြင်ကလေးသူငယ်တွေကိုလည်းစောင့်ရှောက်နေတယ်လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတတ်ရေးအတွက်ကို သူတို့က အဓိကထားပြီးလှုချင်တယ်ဆိုတဲ့အခါကျတော့ အမနဲ့လာပြီးသူတို့ဆက်သွယ်တယ်

အမ ရှင်သန်ခြင်းနှလုံးသားမှာလုပ်တဲ့ပွဲလေးကိုလည်းသူတို့သဘောကျတယ် အဲ့တုန်းကဆိုရင်လည်းကလေးတွေပျော်ဖို့ရွှင်ဖို့ကိုအမ အများကြီးလုပ်ပေးခဲ့တယ် နောက် Show တွေလည်းအများကြီးလုပ်ခဲ့တယ်.. Celebrity တွေလည်းအများကြီးပါလာတဲ့အခါ ကျတော့သူတို့ဒါမျိုးလေးလုပ်ချင်တယ် ဆိုပြီး ကမ်းလှမ်းလာတဲ့အတွက်ကြောင့်မို့လို့အမကလည်းလက်ခံပြီးတော့ လုပ်ဖြစ်တာပါ

ကျောင်းဆောက်မယ်ဆိုတာကတော့ စိတ်ထဲမှာရှိနေတာလည်းကြာပြီ ဒါပေမဲ့ကိုယ့်မှာက မအားသေးတာလည်းပါပါတယ်.. ခု သက်ငယ်မုဒိန်းတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အမကိုအကူညီတောင်းလာကြတယ် အစော်ကားခံရတဲ့မိန်းကလေးတွေကနေ မွေးလာမဲ့ကလေးတွေပေါ့ ကလေးတွေဆိုလို့ရှိရင်လည်းသူတို့စားဝတ်နေရေးအရရော မစောင့်ရှောက်ချင်တာရော အများကြီးပါတဲ့အခါကျတော့ အမကနေပြီးတော့ ဒီကလေးတွေရဲ့ ကျန်းမာရေး စားဝတ်နေရေးတွေကအစကူညီပြီးထောက်ပံ့ပေးတယ် ကလေးတွေကို တာဝန်မယူနိုင်လို့စွန့်ပစ်မယ်ဆိုတဲ့ကလေးတွေကိုလည်းအမ ကျောင်းမှာထားချင်တယ်

“မိဘမဲ့ကျာင်းဆိုပေမဲ့ မိဘမဲ့ကျောင်းလို့ခေါင်းစဉ်မတပ်ချင်ဘူး ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာဆိုပြီးပဲခေါင်းစဉ်တပ်ချင်တယ်” အဲ့အတွက်ကြောင့်ကျောင်းဆောက်ဖို့ လှူဒါန်းဖို့အတွက်အမရည်ရွယ်လိုက်တာပါ

အမလှည်းကူးမှာ ၃ ထပ်ကျောင်းဆောင်ဆောက်မယ်ဆိုပြီးရည်ရွယ်လိုက်တာပေါ့ အဲ့အချိန်မှာ မြေအလှူရှင်တွေလည်းပေါ်လာတယ် ဒါကိုယ့်ရဲ့စေတနာမှန်လို့ပေါ့လေ ဟု Interview တွင်ဖြေကြားသွားပါတယ်..

 

Credit – MyanmarCele7