• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

မင်းသားတွေတောင်အရှုံးပေးရမယ့် မြန်မာပြည်က ရုပ်အဖြောင့်ဆုံး ဘောလုံးသမား (၅) ယောက်

We Love Cele by We Love Cele
March 21, 2019
in အားကစား
0

မြန်မာနိုင်ငံမှာ နာမည်ကြီး အကယ်ဒမီ ရုပ်ရှင်မင်းသား မော်ဒယ်လ်တွေနဲ့တန်းတူ လူကြိုက်များ ကျော်ကြားတာကတော့ ဘောလုံးသမားတွေပဲ ဖြစ်ပါတယ်။ တစ်ချို့ ပရိသတ်တွေဟာ အနုပညာရှင်တွေ၊ သရုပ်ဆောင်တွေထက်ပိုပြီး ဘောလုံးသမားတွေကို သဘောကျအားပေးကြတဲ့အချက်ကတော့ အားကစားဘက်မှာ သူမတူအောင် ထူးချွန်ကြရုံသာမက ရုပ်ရည်ရူပကာပိုင်းမှာလည်း တောင့်တင်းကြံ့ ခိုင်တဲ့ Body Structure တွေနဲ့ အတူ မင်းသားရှုံးလောက်အောင် ချောမောကြတဲ့ ရုပ်ရည်သွင်ပြင်တွေ ပိုင်ဆိုင်ထားတာကြောင့်ပါပဲ။ အားကစားချစ်သူပရိသတ်တွေအတွက် မင်းသားတွေ ထိုင်ငိုရလောက်အောင် ချောကြတဲ့ မြန်မာပြည်က ရုပ်အဖြောင့်ဆုံး ဘောလုံးသမား(၅)ယောက်ကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။

5. ရန်အောင်ကျော်

ရန်ကုန်ယူနိုက်တက်အသင်းမှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ ရန်အောင်ကျော်ဟာ မြန်မာနိုင်ငံရဲ့ ရုပ်အဖြောင့်ဆုံး ဘောလုံးသမား စာရင်းရဲ့ နံပါတ်၅နေရာမှာ ရပ်တည်နေပါတယ်။

4. မောင်မောင်လွင်

မြန်မာ့လက်ရွေးစင်အသင်းမှာ တိုက်စစ်မှူး အောင်သူပြီင်္းရင် ကစားပုံအကောင်းဆုံးနဲ့ အလိမ်အခေါက်စွမ်းရည် မြင့်မားလှတဲ့ တောင်ပံကစားသမား မောင်မောင်လွင်ဟာ အသားအနည်းငယ်ညိုပေမယ့် ကြည့်ကောင်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

3. သန်းပိုင်

တစ်ချိန်က ယူ-၁၉အသင်းနဲ့အတူ တောက်ပခဲ့တဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သန်းပိုင်ဟာလည်း မြန်မာနိုင်ငံရဲ့ ရုပ်အဖြောင့်ဆုံး ဘောလုံးသမားစာရင်းရဲ့ နံပါတ်၃နေရာမှာ ရပ်တည်နေပါတယ်။

2. ဆန်းဆက်နိုင်

မြန်မာ့ယူ-၂၃အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ဂိုးသမားလေး ဆန်းဆက်နိုင်ဟာ အရပ်အမောင်းမြင့်မားလှပြီး ပျိုမေတို့ နှစ်သက်ကြမယ့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။

1. ကျော်မင်းဦး

လက်ရှိအချိန်မှာတော့ ဒဏ်ရာကြောင့် ဘောလုံးလောကကနေ အနားယူသွားပြီဖြစ်တဲ့ အသက်၂၃နှစ်အရွယ် ကွင်းလယ်ကစားသမား ကျော်မင်းဦးဟာ မော်ဒယ်လ်တစ်ဦးအဖြစ်တောင် အသက်မွေးဝမ်းကျောင်း ပြုလုပ်လို့ရတဲ့ ရုပ်ရည်မျိုးရှိကာ မြန်မာနိုင်ငံမှာတော့ ရုပ်အဖြောင့်ဆုံး ဘောလုံးသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Credit-Momolay

Previous Post

ယောက်ကျားဆန်ဆန်ဖြေရှင်းဖို့ ယုန်လေးကို သတိပေးလိုက်တဲ့ သရုပ်ဆောင်မင်းထက်

Next Post

တက္ကသိုလ်စာမေးပွဲမှာ ထည့်သွင်းမေးမြန်းခြင်းခံလိုက်ရတဲ့ အိစိကွေးရဲ့အကြောင်း

Next Post

တက္ကသိုလ်စာမေးပွဲမှာ ထည့်သွင်းမေးမြန်းခြင်းခံလိုက်ရတဲ့ အိစိကွေးရဲ့အကြောင်း

စနောက်တတ်လွန်းတဲ့ အောင်သူ့အကြောင်းလေး ချစ်စဖွယ်ပြောပြလာတဲ့ ပိုးအိအိခန့်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!