ဆရာကြီးဦးထွန်းလွင်ကို မှီခိုအားပြုနေကြရတာ မြန်မာတစ်နိုင်ငံလုံးက ပြည်သူ/သားတွေပဲဖြစ်ပါတယ်။ ဆရာကြီး ရဲ့ မိုးလေဝသခန့်မှန်းချက်တွေဟာ ပြည်သူ/ပြည်သားတွေအတွက် အလွန်အင်မတန်မှ အဖိုးဖြတ်နိုင်စရာမရှိတဲ့ အထောက်အပံ့တွေပဲဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းဖြစ်လျှက်ရှိနေတဲ့ ဆရာကြီးဦးထွန်းလွင်ကို ဂရံဟံသာဆေးရုံမှာ ဆေးဝါးကုသလျက်ရှိနေကြောင်း လူမှုကွန်ယက်မှတဆင့် ကြားသိခဲ့ရပါတယ်။
ဆရာကြီး ဆုံးပါးသွားတယ်ဆိုတဲ့ ကောလဟာလသတင်းတွေကြောင့်လည်း အများပြည်သူအားလုံး စိတ်မချမ်းမြေ့စရာဖြစ်ခဲ့ပေမယ့် ယနေ့ညပိုင်းမှာတော့ အင်မတန်တော်လွန်းတဲ့ ဆရာကြီးကို မြန်မာပြည်သူပြည်သားတွေ လက်တွေ့ကျကျ ဆုံးရှုံးလိုက်ရပါတယ်။
ဆရာကြီးဟာ နိုဝင်ဘာလ ၄ ရက်နေ့ ညပိုင်း ၆ နာရီ ၅၇ မိနစ်မှာဆုံးပါးသွားခဲ့ကြောင်း ဆရာကြီး သုံးစွဲနေတဲ့ အကောင့်ကနေ ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ ဆရာကြီးဆုံးပါးသွားခြင်းက မြန်မာပြည်သူ ပြည်သားတွေအတွက် အတိုင်းအဆ မရှိ ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။
ကောင်းရာသုဂတိသို့ရောက်ရှိနိုင်ပါစေလို့ မိသားစုနဲ့ထပ်တူ၊ နိုင်ငံသူ နိုင်ငံသားတွေနဲ့ထပ်တူ စိတ်မကောင်းစွာ ဆုတောင်းပေးလိုက်ပါတယ်။We Love Cele