• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, February 27, 2021
No Result
View All Result

ကျေးဇူးရှင် Myanmar Idol ကို ပရိသတ်နဲ့ ရန်တိုက်မပေးသင့်ဘူးလို့ ဖြိုးမြတ်အောင် ကို ပြောလိုက်တဲ့ မိုင်းမိုင်းဆိုင်း

We Love Cele by We Love Cele
November 30, 2019
in အနုပညာ
0

Myanmar Idol Season 2 ပြိုင်ပွဲဝင် တစ်ဦး ဖြစ်ခဲ့တဲ့ အသံပါဝါကောင်းကောင်း နဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ အဆိုတော် မိုင်းမိုင်းဆိုင်း က Myanmar Idol Season 4 ကို သွားကြည့်ပေမယ့် ဝင်ခွင့်မရလို့ စိတ်မကောင်းဖြစ်ပြီး မိသားစုနဲ့ ပြန်လာခဲ့ရတယ်ဆိုတဲ့ အဆိုတော်ဖြိုးမြတ်အောင် နဲ့ ပတ်သက်ပြီး ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

မိုင်းမိုင်းဆိုင်း က ” (ညကတည်း ၀င်ပါမယ်လို့ ရေးပြီးသားနော်)ညေးရေဒီကိစ္စမှာ မင်းကိုလည်းမှားတယ်လို့မပြောသလို ဟိုဘက်ကိုလည်း မှန်တယ်လို့မပြောပါဘူး..ဘာဘဲပြောပြော မင်းတို့ ငါတို့ကောင်တွေ ဘာမှ စောက်ရုပ်မပေါက်တဲ့ ဘ၀ ကနေ ခု ဒီ program ကြီးကြောင့် ဒီမိသားစုက ၀န်ထမ်းတစ်ယောက်စီပခုံးနဲ့ထမ်းတင်ပေးခဲ့တာကြောင့် ငါတို့ အနိမ်ခံ ဘ၀ကနေ အဆင်မပြေတဲ့ဘ၀ ကနေ ခုလိုတွေနေလာရပြီလေကွာ…သူတို့ဘက်ကတစ်ခုခု အမှားအယွင်းလေးတွေရှိခဲ့ရင်တောင် ဒီဘ၀ကငါတို့ကောင်တွေအတွက်အရမ်းကိုကျေနပ်သင့်နေပါပြီကွာ…တမင်သက်သက်ညေးကိုမှ မ၀င်ခိုင်းဘူး ဆိုရအောင် ဒါကညေးရန်သူပြိုင်နေတဲ့ပွဲမှ မဟုတ်ဘဲညေးရာ.. ကြုံဖူးမှကိုယ်ချင်းစာမယ် မှန်ပါတယ်..ငါတို့လည်းကြုံဖူးတာဘဲ သားငယ် လောက် လူမှတ်မိနိုင်တာရှိဦးမလား.. ”

“လူအုပ်ကြီးအရင်သွင်းနေလို့ဝင်လို့မရသေးဘူး ဆိုလို့ ငါတို့လည်း လူအုပ်ကြီးနဲ့ အတူရပ်စောင့်ဖူးတယ်… အကယ်၍ လက်မှတ် ပါရဲ့သားနဲ့ လူပြည့်သွားလို့ ဆိုရင်တောင် ငါတို့ကောင်တွေတောင်သဘောထားကြီးပေးသင့်တာ ငါတို့အစီစဉ်လူတောင်လျှံအောင် အားပေးကြတာဆိုပြီး..ဒါမဲ့ဒီလိုတော့ဖြစ်ရိုးမရှိပါဘူး…ညေးတုန်း တုန်းကလည်း ငါတို့ စပ်စလူးထအောင်အားပေးခဲ့ကြတာ vcall တွေပြောပြီးဝမ်းသာပေးခဲ့ကြတာပါညေးရာ။ခုကိစ္စလည်း အမေတို့ အန်တီ တို့ကိုမ၀င်ခိုင်းဘူး ညေးကိုဘဲ ၀င်ခိုင်းမယ်ပြောလို့လား အတူထိုင်ဖို့နေရာမရှိလို့ ညေးက winner ကြီးမို့လို့ camera boundမှာပါအောင် ညေးကိုနေရာအရင်ချထားချင်လို့အရင်ဝင်ခိုင်းတာလေ..”

“camera boundမှာ ညေးတို့ ၈ယောက်လုံးကိုအတူထားလို့အဆင်မပြေတာ ညေးလည်းခန်းမထဲကသဘောတရားကိုidol တစ်ယောက်အနေနဲ့သိရက်နဲ့..
လက်မှတ် ၈ စောင်စလုံးပါတယ်… ၈ယောက်စလုံးလက်မှတ်ပုံစံကောတူရဲ့လား??.. ညေးဘဲဝင်ရမယ် အမေတို့အန်တီတို့လုံးဝ ၀င်ခွင့်မရှိတော့ဘူး လို့ပြောခဲ့လား??ပြောခဲ့ရင် ငါပါနင့်ဘက်ကရှိနေမယ်..ok?
ညေး interviewတွေဖြေထားသလို လုံးဝ ကွက်တိဆိုပြီးလိပ်ပြာလုံရဲ့လား?စွတ်စွဲတာမဟုတ်ဘူးနော်တကယ်ငါအရမ်းခင်တဲ့ငါ့ညေးစိတ်ကိုအဖြူထည်ဖြစ်စေချင်တဲ့စေတနာပါ…ပရိသတ်ဝိုင်းပြန်ဆဲမှာကြောက်တဲ့စိတ်နဲ့တော့ ဘုရားဒကာကျောင်းဒကာကောင်းမှုတွေဘဲလုပ်နေတဲ့ ညေးရဲ့လိပ်ပြာကို မညစ်နွမ်းသွားပါစေနဲ့ကွာ… .fanတွေညေးပြောတာတစ်ခုတည်းနဲ့တစ်ဖက်ပိတ်ညေးဘက်မှာရပ်တည်နေတာကိုညေးသာယာနေတာတော့မဖြစ်ပါစေနဲ့ကွာ..”

“ငါတို့သားငယ် ကြီးတောင်ညေးလောက် အခွင့်အရေးမရပါဘူးညေးရာ ..ငါတို့ကောင်တွေရဲ့အခုအခြေအနေကအရမ်းကိုကျေနပ်သင့်နေပါပြီ… ညေးပြောသလို ညေးလို winner အနေအထားနဲ့ ပြောခံရတော့ရှက်တယ် ဆိုရအောင် ငါတို့ကောင်တွေ အဲလို အနေအထားဆိုတဲ့စကားတွေ ထည့်ပြောရမယ့် အဆင့်မဟုတ်ကြသေးဘူးလေကွာ…ခွေတွေအများကြီးထုတ်ခဲ့တဲ့ ငါတို့ကောင်တွေထက် ပေါက်မြောက်ခဲ့တဲ့စီနီယာကြီးတွေတောင် တခါတလေ နေရာပေးမခံရတာတွေရှိဖူးတာဘဲ..သူတို့နဲ့ယှဉ်ရင် ရှက်စရာကြီးပါကွာ.. ငါတို့ကောင်တွေ ခုမှ ဒီidolကနေ တင်ပေးလိုက်လို့ တကယ်စီနီယာကြီးတွေနဲ့ အတူ တစ်စင်တည်းဆို တစ်ခရီးတည်းတွေဖျော်ဖြေခွင့်ရနေတာ…တကယ်ဆို ငါတို့ကောင်တွေ ဘာကောင် တွေ ဘာကောင်မတွေမှ မဟုတ်သေးဘူးဆိုတာကို ကိုယ့်ကိုကိုယ် alert လုပ်နေရမှာဟ… နင်တို့ငါတို့အပေါ် မမီးကအစ ၀န်းထမ်းတွေအားလုံးဘယ်လောက်တောင်ကောင်းခဲ့လဲ??ဘယ်လောက်ဂရုစိုက်ခဲ့လဲ??ဘယ်လောက်တောင်ပြည့်ပြည့်စုံစုံနေခဲ့ရလဲ?? ဒီချိန်သူတို့ တစ်ခုခု မှားယွင်းခဲ့ရင်တောင် ငါတို့ အဲလို ပြန်ပြောဖို့တွေးကိုမတွေးသင့်ပါဘူးသားကြီးရာ..ငါတို့ အခြေနေတွေ ဘယ်လောက်တောင်ပြောင်းလဲခဲ့လဲ ကျေးဇူးမတင်ရင်တောင်ခုလိုတော့ပရိသတ်နဲ့ ရန်တိုက်ပြီးကျေးဇူးမဆပ်သင့်ပါဘူးညေးရာ.. ဒီအချိန် s4 ခေတ်ရောက်နေပြီ…ငါ့ဟဲ့ အရင်က winner တွေသွားလုပ်လို့မရတော့ဘူးလေညေးရာ.”

ငါတို့အပြင် media လောကမှာ ဘယ်သူနဲ့ဘယ်လို ပြသနာဖြစ်ဖြစ် ငါတို့ကိုမွေးထုတ်ပေးခဲ့တဲ့ နေရာကို တော့ အဲလို မပြောသင့်ဘူးညေးရာ…မခင်နှင်းတို့ ကိုသန့်တို့ ညေးအပေါ်ဘယ်လောက် အနွံတာခံလဲ ?ချစ်လဲ? လုပ်ပေးလဲ ဆိုတာညေးအသိဆုံးနေမှာပါ..ညေးဆို အမြဲဘုရားတရားနဲ့နေတဲ့သူကပိုနားလည်မှာပါ..ငါတို့ Idol မိသားစုနဲ့ဖြစ်ဖြစ် အပြင်လောကမှာဖြစ်ဖြစ်တစ်ခုခု ငါ့အနေအထားတွေ ငါ့အဆင့်တွေ ဘာတွေညာတွေပြောမိတော့မယ်ဆိုရင် ငါတို့ ရဲ့အရင်တုန်းက ဘာစောက်ရုပ်မှမပေါက်ခဲ့တဲ့ လူတွေနိမ်ခဲ့တဲ့ဘ၀ကိုပြန်ကြည့်ရအောင်ပါ…ငါတို့အချင်းချင်းတွေပါ ငါတို့ကောင်ကြီး ဘ၀ မေ့သွားတာလားကွာ ဆိုပြီး တကယ်အဲလိုမြင်နေမိတာ..ညေး Fanကလွဲပြီးရင်အပြင်လူတွေဆို ဘယ်လိုတောင်မြင်နေကြမလဲညေးရယ်မင်းကိုငါဘယ်လောက်ခင်လဲ ညေးနဲ့ညေး fan တွေအသိဆုံးပါ… စကားမစပ်ဒီနေ့ကျရောက်တဲ့ အန်တီ့မွေးနေ့အတွက် HAPPY BIRTHDAY ပါနော်❤ ငါ့ညေးကိုအမြဲလေးစားတဲ့ ကွီးမိုင်” ဆိုပြီးပြောထားပါတယ်။

မိုင်းမိုင်းဆိုင်း က Myanmar Idol ပြိုင်ပွဲဝင်တွေကို လူလားမြောက်အောင် မွေးထုတ် ပြုစုပျိုးထောင်း ပေးခဲ့တဲ့ Myanmar Idol အစီအစဉ်ကြီးကို ပရိသတ်တွေနဲ့ ရန်တိုက်ပေးသလို ဖြစ်နေကြောင်း အဆင်မပြေတာလေးတွေ ရှိနေရင်တောင် သည်းခံပေးရမှာ ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ်။

အဆိုတော် မိုင်းမိုင်းဆိုင်း ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source-မိုမိုလေး

Previous Post

လှသထက်ပိုလှအောင် မျက်နှာပြုပြင်မှုလုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို မျှဝေလာတဲ့ မြတ်ကေသီအောင်

Next Post

ခင်ပွန်းသည်နဲ့ စတင်တွေ့ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်က အမှတ်တရလေးတွေကို ပြောပြလာတဲ့ ချောရတနာ

Next Post

ခင်ပွန်းသည်နဲ့ စတင်တွေ့ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်က အမှတ်တရလေးတွေကို ပြောပြလာတဲ့ ချောရတနာ

ချစ်သူလေးကို တစ်ဖက်သတ်ချစ်ခဲ့ရတာပါဆိုတဲ့ ရဲရင့်အောင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!