• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, February 27, 2021
No Result
View All Result

ချစ်သူလေးကို တစ်ဖက်သတ်ချစ်ခဲ့ရတာပါဆိုတဲ့ ရဲရင့်အောင်

We Love Cele by We Love Cele
December 1, 2019
in အနုပညာ
0

ရဲရင့်အောင်ကတော့ သူ့ရဲ့ ချစ်သူကောင်မလေးအတွက် သစ္စာရှိတဲ့ ယောက်ျားတစ်ယောက်လို့ပြောလို့ ရပါတယ်တဲ့။ မကြာခင်မှာတော့ အချစ်ဇာတ်ကား ဆန်းဆန်းလေးကို ရိုက်ကူးရဦးမယ်လို့ဆိုပါတယ်။ရဲရင့်အောင်ကတော့ ချစ်သူကောင်မလေး ဧငြိမ်းဖြူနဲ့ လက်တွဲလာခဲ့တာ အခုဆိုရင် ချစ်သူသက်တမ်း ၃ နှစ်ရှိပြီဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း သစ္စာရှိတဲ့ ယောက်ျားတစ်ယောက်ဖြစ်အောင် နေထိုင်တယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုထားပါတယ်။

” အခု ကျွန်တော့်ကောင်မလေးကို ကျွန်တော်က သူ ကိုယ့်ကို မသိခင်ကတည်းက ချစ်တာလေ။ အဲဒါပေါ့ တစ်ဖက်သတ်ချစ်တယ်ဆိုတာ။ ကျွန်တော်က သစ္စာရှိတဲ့လူတစ်ယောက်လို့လည်း ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်တည်းတောင်မှ တိုင်ပတ်နေတဲ့ကိစ္စကို နောက်တစ်ယောက်နဲ့ ဖောက်ပြန်ဖို့ဆိုတာ တော်တော်ကြီးကို စိတ်ရှင်းနေမှ ရမှာ ကျွန်တော်က စိတ်ရှုပ်လွယ်တဲ့သူပါ” ဆိုပြီးတော့ နိုဝင်ဘာလ ၃၀ ရက်နေ့က “မာယာရထားမောင်းတဲ့ မိန်းမ” ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Image result for ရဲရင့်အောင်"

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ရဲ့အချစ်ရေးကိုတော့ ၂၀၁၇ ခုနှစ်အတွင်းက ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ဧငြိမ်းဖြူကတော့ ဒါရိုက်တာ သီတာလင်းရဲ့ သမီးငယ်ဖြစ်ပါတယ်။ သူမဟာ ရေဒီယိုကက်ဆက် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ဖူးသူတစ်ယောက်ပါ။ အက ကို ဝါသနာကြီးသူဖြစ်တာကြောင့် လက်ရှိမှာလည်း ခပ်မိုက်မိုက် Dancer ကောင်မလေးတစ်ယောက်အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။

အဆိုတော်ရဲရင့်အောင်ကတော့ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးတဲ့ “မာယာရထားမောင်းတဲ့ မိန်းမ”ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်သွားမှာပါ။ ဒီဇာတ်ကားအတွက် ဇာတ်ညွှန်းဖတ်ခဲ့ရတဲ့ အချိန်က အထူးခြားဆုံး အချိန်တစ်ချိန်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။”အပြင်မှာတော့ မကြုံဖူးဘူး။ ကျွန်တော် ဒီဇာတ်ညွှန်းကို ဖတ်တုန်းကဆိုရင် ကျွန်တော့်အတွက် အများကြီး ထူးဆန်းတယ်။ ဇာတ်ထဲကအတိုင်း ကြုံလာရင်တော့ ပြသနာတွေတက်ကုန်မှာပေါ့နော်။ ကျွန်တော်က စိတ်ရှုပ်လွယ်တယ်” လို့သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

ရဲရင့်အောင်ကိုတော့ ‘’ငါ့နေရာ’’ ဆိုတဲ့ Music Video လေးကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူဟာ ရင်ထဲက လာသမျှ ခံစားချက်ကို သီချင်းအဖြစ် ပုံဖော်ခဲ့တာ အများဆုံးဖြစ်တဲ့အတွက် လူငယ်အကြိုက်တွေနဲ့လည်း ထပ်တူကျတဲ့ သီချင်းက ပိုများပါတယ်။ လက်ရှိမှာလည်း ဂီတအလုပ်တွေသာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။

ဆယ်လီရပ်ကွက်

Previous Post

ခင်ပွန်းသည်နဲ့ စတင်တွေ့ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်က အမှတ်တရလေးတွေကို ပြောပြလာတဲ့ ချောရတနာ

Next Post

ဒီဇင်ဘာကိုကြိုရင်း မေမေချစ်သုဝေကို အလှဆုံးကပြနေကြတဲ့ ခေတ်နဲ့သစ်

Next Post

ဒီဇင်ဘာကိုကြိုရင်း မေမေချစ်သုဝေကို အလှဆုံးကပြနေကြတဲ့ ခေတ်နဲ့သစ်

နာမည်ကြီးနေတဲ့ တိမ်ပင်လယ်ကြီးဆီကို မိသားစုနဲ့အတူ ခရီးထွက်ခဲ့တဲ့ အိန္ဒြာကျော်ဇင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!