ခေတ်နဲ့သစ်လေးတို့ကတော့ Sweet December ကို အလှဆုံးဝတ်စုံလေးတွေနဲ့ ကြိုရင်း မေမေချစ်သုဝေကိုလည်း ကပြနေကြပါသေးတယ်နော်။
ခေတ်လေးနဲ့ သစ်လေးတို့ဟာ ခရစ်စမတ် ဝတ်စုံလေးတွေ ဘီးကုပ်လေးတွေနဲ့ အရမ်းကိုပျော်ရွှင်နေကြတာ တွေ့ရပါတယ်။ မေမေချစ်သုဝေနဲ့ ဖေဖေလင်းလင်းတို့ဟာ အမွှာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ရဲ့ အမူအရာလေးတွေကို မကြာခဏဆိုသလို သူတို့ရဲ့ လူမှုကွန်ရက်အကောင့်မှာ တင်လေ့ရှိကြပါတယ်။
မေမေချစ်သုဝေက ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ ၂၀၁၇ တုန်းက ခရစ်စမတ်ကြိုပုံလေးတွေကို ပြန်ရှဲပြီး ဒီအရွယ်လေးတွေပဲ အမြဲလိုမြင်ချင်နေတယ်ရယ်လို့ ပြောထားပါသေးတယ်။
ဒီနှစ်ဒီဇင်ဘာရဲ့ ခေတ်လေးနဲ့ သစ်လေးကတော့ အရင်နှစ်တွေကထက် အရွယ်လည်းပိုကြီးလာသလို ပိုပြီးတတ်လာ ပိုပြီးလည်း ချစ်ဖို့ကောင်းလာနေပါတယ်နော်။
ခေတ်နဲ့သစ်တို့ ကပြထားတဲ့ ဗီဒီယိုလေးကိုလည်း ပရိသတ်ကြီးတွေပြန်လည်ကြည့်ရှုနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။
Cele Star