အောင်မြင်စွာ ရိုက်ကူးပြီးစီးသွားပြီ ဖြစ်တဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီး

ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးပြီးစီးသွားပြီပဲဖြစ်ပါတယ်။ မီရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးစီးသွားတာနဲ့ပတ်သက်ပြီး Official Page မှ “မီ ရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်စွာ ရိုက်ကူးပြီးစီးသွားပြီ ဖြစ်ပါသည်။ မီ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်မြောက်ရေး အတွက် စိတ်အားလူအားဖြင့် ၀ိုင်းဝန်ကူညီ လုပ်ကိုင်ပေးခဲ့ကြသော လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေ၊ သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ …” လို့ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး ” Post Production လုပ်ငန်းစဉ်များကို ကြိုးစား လုပ်ဆောင်ပြီး မီ ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်ရှေ့သို့ အမြန်ဆုံး တင်ဆက်သွားမည် ဖြစ်ပါသည်။ မီ ရုပ်ရှင်ဇာတ်ကားကြီး အတွက် ၀ိုင်းဝန်း အကြံပြုပေးကြသော ပရိသတ်များကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ Offline Edit, Sound Design, Scoring, Online Edit, Color Grading and DCP လုပ်ငန်းစဉ်များမှာ အဆင့်ကျော် လုပ်ကိုင်မရသောကြောင့် ရုပ်ရှင်တစ်ကားလုံး၏ Final Theme Color ကို အတည်ပြုရန် အချိန်စောလွန်းနေပါသေးသည်။ ” ဆိုပြီး ပြောခဲ့ပါတယ်။

 

မီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ဏကြီးက စာရေးဆရာမကြီး ကြည်အေးရဲ့ “မီ” ၀တ္ထုကို ပုံဖော်ရိုက်ကူးထားပြီး သရုပ်ဆောင်တွေကတော့ နေတိုး၊ ပိုင်ဖြိုးသု၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ မင်းသွေးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မကြာခင်မှာရုံတင်ပြသတော့မယ့် “မီ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

source : မီ ရုပ်ရှင်ဇာတ်ကား

%d bloggers like this: