နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ယုန်လေးက အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပေမယ့် နောက်ပိုင်းမှာ သရုပ်ဆောင်နဲ့ ဒါရိုက်တာအဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေလျက်ရှိပါတယ်။ ယုန်လေးက သူ့ရဲ့ အနုပညာကြောင့်သာမက ကူညီတတ်ပြီး မဟုတ်မခံစိတ်ထားကြောင့်လည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက် ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာလည်း ယုန်လေးက Bar တစ်ခုကိုသွားရင်း Myanmar Idol အဆိုတော် ချမ်းမြေ့မောင်ချိုနဲ့ ဆုံခဲ့ကြပါတယ်။ ယုန်လေးက ချမ်းမြေ့မောင်ချိုကိုမြင်ပြီး သူနဲ့ အကျင့်စရိုက်တူတဲ့ အကြောင်းကို အခုလို ပြောပြလာပါတယ်။
“ကျွန်တော့်လို နောက်တစ်ယောက် 🤣🤣🤣 Bar လာတာ အိမ်နေရင်းနဲ့ ညှပ်ဖိနပ်နဲ့ ညဝတ်ဘောင်းဘီ နဲ့။ ကိုယ်တောင် Player ပွဲကလာလို့ စီးတော်ယာဉ် ဂျပန်ဖိနပ်လေးမပါတာ 🤣🤣🤣 တကယ့် ကလေးပါ . အဲ့လိုပေါ့ပေါ့ပါးပါးလေး က အထာကျ ” ဆိုပြီး ချမ်းမြေ့မောင်ချိုကို ပြောထားတာ ဖြစ်ပါတယ်။
ချမ်းမြေ့မောင်ချိုကလည်း ယုန်လေး ပြောသလိုပဲ ဘယ်သွားသွား တီရှပ်ပွပွကြီးနဲ့ ဘောင်းဘီရှည်တွေကိုသာ ဝတ်ဆင်တတ်ပြီး လွတ်လွတ်လပ်လပ်နေတတ်သူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။
ချမ်းမြေ့မောင်ချိုရဲ့ စတိုင်လ်ကတော့ ယုန်လေးကတောင် ပြန်သဘောကျရသွားတာပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မောင်နှမနှစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုနဲ့ ယုန်လေးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။
မိုမိုလေး