• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, January 23, 2021
No Result
View All Result

Covid – 19 ကြောင့် ရုပ်ရှင်ရုံအားလုံး ယာယီပိတ်လိုက်ရ

We Love Cele by We Love Cele
March 16, 2020
in ပြည်တွင်းသတင်း
0

ဒီနေ့ကစပိတ်လိုက်တာပါ။

Covid – 19 ရောဂါကာကွယ်နိုင်ဖို့အတွက် ဒီနေ့ကစပြီး မင်္ဂလာရုံ၊ JCGV နဲ့ Paradiso ရုံများအားလုံး ဧပြီ(၃၀) ရက်နေ့အထိ ပိတ်လိုက်ပြီ ဖြစ်ပါတယ်။

Covid – 19 ရောဂါကာကွယ်ဖို့အတွက် ပြန်ကြားရေးဝန်ကြီး ဌာနမှ ညွှန်ကြားချက်အရ မင်္ဂလာရုပ်ရှင်ရုံအုပ်စုအောက်က ရုံတွေကို ယာယီပိတ်သွားမည်ဖြစ်ကြောင်း သမ္မတရုံက တာဝန်ရှိသူက ပြောပါတယ်။

“ပြန်ကြားရေးဝန်ကြီး ဌာနမှ ညွှန်ကြားချက်အရ ရုပ်ရှင်ရုံများအား ယနေ့ (၁၆.၀၃.၂၀၂၀)မှစပြီး ခေတ္တခဏ ပိတ်ထားမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသမည့်နေ့ကို ကြိုတင်အသိပေးကြေညာသွားပါမယ်ခင်ဗျ။နောက်ပိုင်းတွေကတော့ မသိသေးပါဘူး” လို့ သမ္မတရုံက တာဝန်ရှိသူက ပြောပါတယ်။

ထို့နည်းတူစွာ JCGV ရုပ်ရှင်ရုံများနှင့် Paradiso ရုပ်ရှင်ရုံများအားလုံးကိုလည်း ယနေ့ကစလို့ ယာယီပိတ်လိုက်ပြီ ဖြစ်ပါတယ်။“ကျွန်တော်တို့ JCGV ရုပ်ရှင်ရုံအားလုံးကို ဒီနေ့က စပြီး ပိတ်လိုက်ပါတယ်။ ကျန်တဲ့သတင်းအချက်အလက်တွေကိုတော့ လူကြီးပိုင်းတွေ အစည်းအဝေးလုပ်နေတာကြောင့် မပြောနိုင်သေးဘူး ဖြစ်နေပါတယ်” လို့ JCGV က တာဝန်ရှိသူက ပြောပါတယ်။

Covid -19ရောဂါကြောင့် ဧပြီလကုန်အထိ သင်္ကြန်မဏ္ဌပ်တွေ၊ရုပ်ရှင်ရုံတွေနဲ့ လူစည်ကားတဲ့ပွဲတွေ မကျင်းပဖို့ကို မတ်လ၁၂ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ နေပြည်တော်အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လူမှုကွန်ရက်စာမျက်နှာ Facebook အကောင့်ကနေ ကြေညာခဲ့ပါသေးတယ်။

ဒီသတင်းတွေနဲ့ပတ်သတ်လို့ မကြာခင်အတွင်းမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေက တရားဝင်သတင်းထုတ်ပြန်သွားမယ်လို့လည်းသိရပါတယ်။

ဆယ်လီရပ်ကွက်

Previous Post

မိဘတွေက စည်းကမ်းတင်းကြပ်ပြီး ချုပ်ခြယ်တာမျိုးမရှိဘူးဆိုတဲ့ ဟိန်းဝေယံ

Next Post

ဒုတိယမြောက်ရင်သွေးလေး ရလာတာ အရမ်း Surprise ဖြစ်သွားတယ်ဆိုတဲ့ မြင့်မြတ်

Next Post

ဒုတိယမြောက်ရင်သွေးလေး ရလာတာ အရမ်း Surprise ဖြစ်သွားတယ်ဆိုတဲ့ မြင့်မြတ်

မြန်မာနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အခြေအနေအပေါ် ပြောပြလာတဲ့ ဖြူဖြူထွေး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!