• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

အောင်လ အန်ဆန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့

We Love Cele by We Love Cele
July 3, 2020
in အားကစား
0

မြန်မာ့စပါးအုံးလို့ လူသိများတဲ့ ကချင်လက်ဝှေ့သမား အောင်လ အန်ဆန်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေတာကို အတည်ပြုစစ်ဆေးတွေ့ရှိတယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ဇူလိုင်လ၂ရက်နေ့က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ရောဂါပိုးရှိ မရှိစမ်းသပ်ခဲ့ပြီး မနေ့ကပဲ ရောဂါပိုးရှိတာ သေချာကြောင်း စစ်ဆေးတွေ့ရှိချက်ကို သိရတယ်လို့ ဆိုပါတယ်။

Image may contain: one or more people, people standing and outdoor

ဒီအခြေအနေကြောင့် သူနဲ့သူ့မိသားစုက အိမ်ကနေ ဘယ်ကိုမှ မထွက်ပဲ ၁၄ရက် သီးသန့်နေထိုင်တော့မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂ရက်အတွင်း သူ့မှာ အဖျားအနည်းငယ်ရှိတယ်။ အသက်ရှူ နည်းနည်းကြပ်တယ်။ ခန္ဓာကိုယ်ကိုက်ခဲတယ်။ ပင်ပမ်းနွမ်းနယ်တယ်။ ဒါတွေကလွဲပြီး သူတို့တမိသားစုလုံး ကောင်းကောင်းမွန်မွန်ရှိပါတယ် လို့လည်း အောင်လအန်ဆန်က သူ့ရဲ့Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

Image may contain: 3 people

အောင်လအန်ဆန်ဟာ လက်ရှိအချိန်မှာ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း မေရီလန်းပြည်နယ်က ဘောလ်တီမိုးမြို့မှာ မိသားစုနဲ့အတူ နေထိုင်နေပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး ဗိုင်းရပ်စ်အတည်ပြုလူနာ ၂သန်း ၇သိန်း ကျော်ရှိနေပါတယ်။ ဒီရောဂါပိုးကြောင့် သေဆုံးသူအရေအတွက် အများဆုံးကလည်း အမေရိကန်ပြည်ထောင်စုပဲ ဖြစ်ပါတယ်။

Image may contain: text that says 'bioreference.luminatehealth.com Dashboard Trends Get Smart My Labs Search by Test Aung My Labs: Clinical Tests Result Options Here you can see all of your test results over time in numbers or plain text. Green-colored cells represent results that are within the normal range, while red-colored cells represent results that fall outside the normal range. If you would like to see your original lah'

တနိုင်ငံလုံးမှာ သေဆုံးသူ စုစုပေါင်း တသိန်း၂သောင်းကျော် ရှိနေပြီး အောင်လအန်ဆန်နေထိုင်တဲ့ မေရီလန်းပြည်နယ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ခြောက်သောင်းကိုးထောင်နီးပါးနဲ့ သေဆုံးသူ သုံးထောင်ကျော် ရှိနေပါတယ်။

No photo description available.

အာအက်ဖ်အေ

Previous Post

အကျဉ်းကျခဲ့စဉ်က အကူအညီပေးခဲ့ဖူးသူတိုင်းကို ကျေးဇူးတင်စကားဆိုလာတဲ့ မေသန်းနု

Next Post

နေပြန်ကောင်းလာတဲ့ အဖေ့အတွက် ဝမ်းသာနေတဲ့ ထက်ထက်မိုးဦး

Next Post

နေပြန်ကောင်းလာတဲ့ အဖေ့အတွက် ဝမ်းသာနေတဲ့ ထက်ထက်မိုးဦး

ခင်ပွန်းဖြစ်သူအတွက် ဂုဏ်ယူနေတဲ့ ဆုပန်ထွာ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!