• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, February 27, 2021
No Result
View All Result

လက်မထပ်ရသေးဘဲရလာတဲ့ ကလေးကို မိသားစုတွေကလက်ခုပ်တီးကြိုဆိုကြလို့ အံ့သြမိတယ်ဆိုတဲ့ သရုပ်ဆောင်စည်ဖြိုး

We Love Cele by We Love Cele
November 2, 2020
in အနုပညာ
0

လက်မထပ်ရသေးဘဲရလာတဲ့ ကလေးလေးကို မိသားစုတွေကလက်ခုပ်တီးကြိုဆိုကြလို့ အံ့သြဝမ်း သာမိတယ်လို့ စည်ဖြိုးကသူရဲ့ လူမှုကွန်ယက်စာမျက်နှာ ကနေရေး သားလာခဲ့ပါတယ်။

Image may contain: 2 people, people standing

လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ချစ်သူဖြစ်သူ ခင်လွှမ်းမှာ သူနဲ့ရတဲ့ ကိုယ်ဝန်လွယ်ထားရှိနေတဲ့အကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ်။လက်မထပ်ရ သေးဘဲ ကိုယ်ဝန်ရခဲ့တာကြောင့် ပရိသတ်တွေ ကြားမှာ ဝေဖန်မှုတွေလည်း အများကြီးရှိနေခဲ့ ပါတယ်။

Image may contain: 5 people, people sitting and indoor

ဒီလိုဝေဖန်မှုတွေရှိနေပေမယ့်လည်း စည်ဖြိုးရဲကမိဘတွေက ကြည်ဖြူစွာ လက်ခံပေးခဲ့တယ်လို့ သိရပါ တယ်။ ဒီအကြောင်းအရာကိုတော့ စည်ဖြိုးက “ ကျွန်တော် အံ့သြမိတယ်။ကျွန်တော့် ဘဝကြုံသမျှ ပြောင်း လဲမှုဖြစ်စဉ်တိုင်းကို ဟင် ဘယ်လိုဖြစ်တာလည်းဟာ ဒုက္ခပါပဲလို့ ဘယ်တော့မှ မငြီးခဲ့တဲ့အတွက် မာတာ ပီတ မိနဲ့ဖ သူရဲကောင်းနှစ်ယောက်ကို အံ့သြဦးခိုက်မိတယ်။ အရွယ်ရောက်လာကြင်သူပါလာတော့လည်း ငါ့သားဟဲ့ ငါ့သမီးဟဲ့ ဆိုတဲ့ ငါအစွဲ သူတော်ကောင်းပါလို့ ပြောတဲ့သူတောင်မထိန်းနိုင်ပေမယ့် သူစိမ်းလည်း သမီးအရင်းပမာ မုဒိတာပွားမေတ္တာထားနိုင်တော့ ထပ်ပြီး အံ့သြဦးခိုက်မိပါတယ်။ အခုလို covid ကာလကြီး မမျှော်လင့်ဘဲဝင်လာသူလေကို လက်ခုပ်တီးကြိုဆို ပေးနေတော့ အံ့သြဦးခိုက်မိပြန်တယ်။ သီတင်းကျွတ် ချိန်ခါ မိဘနေရာရောက်မှ မိဘမေတ္တာကို ဒီကနေ့ အကြိမ်ကြိမ် အံ့သြဦးခိုက်နေမိတယ်” လို့ရေးသား ထားတာ ဖြစ်ပါတယ်။

Image may contain: 3 people, people sitting

ကိုဗစ်ကာလဖြစ်တာကြောင့် မင်္ဂလာဆောင်လို့မရသေးပေမယ့် သူတို့ နှစ်ယောက် ကတော့ လတ်တလော မှာ pre wedding ဓာတ်ပုံတွေကိုရိုက်ကူးနေပြီလည်း ဖြစ်ပါတယ်။

Image may contain: phone

ပြည်မြန်မာ

Previous Post

သမီးလေး ပြေသုဒြာအတွက် ဂုဏ်ယူနေတဲ့ ပြေတီဦး

Next Post

မိဘနှစ်ပါးဆီက မေတ္တာရိပ်မြုံလေးတစ်ခုကို မင်္ဂလာလက်ဖွဲ့ရခဲ့တဲ့ စည်ဖြိုးတို့ ဇနီးမောင်နှံ

Next Post

မိဘနှစ်ပါးဆီက မေတ္တာရိပ်မြုံလေးတစ်ခုကို မင်္ဂလာလက်ဖွဲ့ရခဲ့တဲ့ စည်ဖြိုးတို့ ဇနီးမောင်နှံ

ချစ်သူ ဆွေဇင်ထက်ရဲ့ မွေးနေ့မှာ မမေ့နိုင်စရာအမှတ်တရတွေကို ဖန်တီးပေးနိုင်လို့ ထပ်တူဝမ်းသာနေတဲ့ ဂေဂေး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!