• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, January 23, 2021
No Result
View All Result

သဘာဝဘေးအန္တာရယ်ဆိုင်ရာ ဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံထားရတဲ့ ခြိမ့်ကေကို လွပ်လပ်ရေးနေ့မှာ အဖမ်းခံခဲ့

We Love Cele by We Love Cele
January 4, 2021
in အနုပညာ
0

သဘာဝဘေးအန္တာရယ်ဆိုင်ရာ ဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံထားရတဲ့ ခြိမ့်ကေကိုဟာ ဇန်နဝါရီလ(၄)ရက်၊ လွပ်လပ်ရေးနေ့မှာ အဖမ်းခံခဲ့တယ်လို့ ဟာသသရုပ်ဆောင် ဒိန်းဒေါင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့မနက်ပိုင်းလောက်က ရေးသားထားပါတယ်။

Image may contain: 1 person, standing

“မင်းငါ့စကားကိုနားထောင်ပြီး အဖမ်းခံလိုက်တဲ့အတွက် ကျေနပ်တယ်။လိုအပ်ရင်တတ်နိုင်သလောက် ကူညီမယ်စိတ်ချ”လို့ ဟာသသရုပ်ဆောင်ဒိန်းဒေါင်က သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသား အသိပေးထားတာပါ။

Image may contain: 1 person

ခြိမ့်ကေကိုကတော့ ကိုဗစ်ကာလအတွင်း ခွင့်ပြုချက်မရှိပဲ လူစုလူဝေးနဲ့ ဒီဇင်ဘာလ (၃)ရက်နေ့က ပြုလုပ်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မင်းဝန်ကျေးရွာရှိ မွေးနေ့ပွဲတစ်ခုမှာ သီဆို ဖျော်ဖြေခဲ့တာကြောင့် သဘာဝဘေး အန္တာရယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅/၃၀(က) အရ အမှုဖွင့်ခံလိုက် ရတာ ဖြစ်ပါတယ်။

Image may contain: 1 person, tree, selfie, sky, outdoor, closeup and nature

ခြိမ့်ကေကိုက ဒီဇင်ဘာလ (၆)ရက်နေ့ တုန်းကလည်း အမှုဖွင့်ခံရတာနဲ့ ပတ်သက်ပြီး ခွင့်လွတ်ပေး ဖို့ကို လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားတောင်းပန်ထားခဲ့ ပါသေးတယ်။ ခြိမ့်ကေကိုဟာ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ဒိုင်တစ်ဦး မြန်မာပြည်သိန်းတန်ရဲ့ ငှက်ပျောသီးကျွေးရာမှတဆင့် လူသိများလာခဲ့ပြီး ဘနားနားဟုလည်း Nickname ပေးပြီးခေါ်ခဲ့ကြတာဖြစ်ပါတယ်။

Image may contain: 1 person

ပြည်မြန်မာ

Previous Post

နိုင်ငံတော်ကပေးအပ်ချီးမြှင့်တဲ့ သီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို ထပ်မံရရှိခဲ့တဲ့ အကယ်ဒမီ ခန့်စည်သူ

Next Post

အနေဝေးပေမယ့် သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို ရရှိခဲ့တဲ့ ဖခင်အတွက် ဝမ်းသာဂုဏ်ယူကြောင်းပြောလာတဲ့ ဘုန်းမင်းနေလ

Next Post

အနေဝေးပေမယ့် သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို ရရှိခဲ့တဲ့ ဖခင်အတွက် ဝမ်းသာဂုဏ်ယူကြောင်းပြောလာတဲ့ ဘုန်းမင်းနေလ

လူငယ်တစ်ယောက်ရဲ့ဘဝ အညွှန့်တုံးသွားမှာမလိုလားလို့ စွဲဆိုထားတဲ့ ဥပဒေ ပုဒ်မကိုသက်ညှာစွာပြင်ဆင်ပေးဖို့ တောင်းဆိုလိုက်တဲ့ ရွှေစင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!