“သတို့သမီးဝတ်စုံကို တကယ်ဝတ်ရရင် ပျော်လွန်းလို့ ငိုမိမယ်ထင်တယ်”ဆိုတဲ့ အေးမြတ်သူ

ပါးချိုင့်မင်းသမီးချောလေး အေးမြတ်သူကတော့ အမြဲတမ်း အပြုံးလှလှလေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားတတ်သူပါ။ခေတ် ဆန်တဲ့ ၀တ်စုံတွေ ၀တ်ရင်လည်း လိုက်ဖက်လှပသလို မြန်မာဝတ်စုံလေးတွေနဲ့ ဆိုရင်လည်း အရမ်းကို တင့်တယ်လှပ သူပါ။

သရုပ်ဆောင်မင်းသမီးဆိုတော့ အလုပ်သဘောအရ မကြာခဏ ဆိုသလို သတို့သမီးဝတ်စုံလေးတွေ ၀တ်ရတဲ့ ပရိသ တ်ေ တွရဲ့ အချစ်တော် အပျိုကြီးမမ အေးမြတ်သူကတော့ သတို့သမီးဝတ်စုံကို ၀တ်ရတဲ့ ခံစားချက်လေးကို ရင်ဖွင့် လာပါ တယ်။ဓါတ်ပုံဆရာ နေမင်းထွန်းနဲ့ ရိုက်ကူးတဲ့ photo ရူတင်က ပုံလေးတွေ တင်ပြီး caption မှာတော့….

“လှလွန်းတဲ့သတို့သမီးဝတ်စုံလေးနှင့်ကျမအသက်တွေသာကြီးလာတယ်ဒီလိုဝတ်စုံလေးကိုအပိုင်ဝတ်ခွင့်မရသေးတဲ့ကျမတကယ်ဝတ်တဲ့နေ့ဆိုပျော်လွန်းလို့ငိုမိမလားမသိ..” သတို့သမီးဝတ်စုံလေးကို တကယ်ဝတ်ခွင့်ရတဲ့ နေ့ဆိုရင် ပျော်လွန်း လို့တောင် ငိုမိမယ်ထင်တယ်လို့ ရင်ဖွင့်ထားပါတယ်။

အရင်တုန်းကလည်း သတို့သမီးဝတ်စုံလေးနဲ့ ပုံတင်ပြီး (၃၅)နှစ်မင်္ဂလာပွဲမှာ ခုလိုလေးပဲ လှနေရင် သိပ်ကောင်းမှာပဲဆိုပြီး ၃၅နှစ်မင်္ဂလာပွဲမှာခုလိုလေးလှနေရင်သိပ်ကောင်းမှာနော်#စိတ်ကူးလေးပါဘဲအိမ်မက်လေးပါဘဲ..” ဆိုပြီး တင်ခဲ့ပါသေးတယ်။သူမရဲ့ လက်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ဓါတ်ပုံတွေ ရိုက်ပေးနေပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ “ပန်းကံ့ကော်ဒိုင်ယာရီ” ဆိုတဲ့ မြန်မာ ဇာတ်လမ်းတွဲ တစ်ခု ရိုက်ကူးနေတာကိုတွေ့ရပါတယ်။

photos from အေးမြတ်သူ၊ဓါတ်ပုံဆရာ နေမင်းထွန်းရဲ့ FB

Credit – ShweMom

%d bloggers like this: