ပရိသတ်ကြီးရေ အကယ်ဒမီမယ်လိုဒီကတော့ သားလေးနဲ့အတူ ဘဝကိုကြိုးစားရုန်းကန်ရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
မယ်လိုဒီက အနုပညာအလုပ်တွေကိုလည်း ပြန်လည်လုပ်ဆောင်နေပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးလေးတွေကိုလည်းချဲ့ထွင်နေတာဖြစ်ပါတယ်နော်။မယ်လိုဒီက မိခင်တစ်ယောက်ဖြစ်ပေမယ့်လည်း ကျန်းမာရေးလိုက်စားလို့ ခန္ဓာကိုယ်လေးကကျစ်လစ်ပြီး ရုပ်ရည်ကလည်း နုပျိုလှပနေတာပဲဖြစ်ပါတယ်။
မယ်လိုဒီက သားလေးကိုလည်း ကိုယ်တိုင်စောင့်ရှောက်ပြီး ဘေးနားမှာအချိန်ပြည့်ရှိနေပေးတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။မယ်လိုဒီက သားလေးရဲ့အနာဂတ်လှပဖို့အတွက် အလုပ်တွေအရမ်းကြိုးစားနေပြီး သားလေးနဲ့လည်းကြော်ငြာတွေ ရိုက်ထားတာဖြစ်ပါတယ်။သိဒ္ဓိစစ်လေးကလည်း လိမ္မာတဲ့ကလေးလေးဖြစ်လို့ မေမေ့ကိုကူညီပြီး ပိုက်ဆံရှာပေးသလို ဘာသာတရားလည်း ကိုင်းရှိုင်းတတ်တာကြောင့် သကောင်းရတနာလေးဖြစ်ပါတယ်နော်။
အခုဆိုရင်တော့ မယ်လိုဒီက”တစ်ချိန်လုံးညီမလေး လိုချင်တယ်မေမေတဲ့ သိဒ္ဓိစစ်က အရှင်မွေး နေ့ချင်းကြီး မေမေကနတ်သမီးဆိုတော့လေ စိတ်ညွှတ်တာနဲ့ရပြီလေ သမီးအလိမ္မာလေး သေချာပြုစုပါမေမေMan Lay ဗိုက်ထဲကကုသိုလ်ဆက်တဲ့ ချစ်သမီးအမရာစည်သူမေမေမျိုးဆွမ်းကပ်တိုင်းကုသိုလ်ယူတတ်တဲ့သမီးလေးဘဝမှာသူတော်ကောင်းများနှင့်သာတွေ့ဆုံပါစေ”ဆိုပြီး သူငယ်ချင်းရဲ့သမီးလေးကို ချစ်နေတာဖြစ်ပါတယ်။
သိဒ္ဓိစစ်လေးကလည်း ညီမလေးလိုချင်တာကြောင့် ကလေးလေးကိုပွေ့ချီထားပြီး အမှတ်တရဓာတ်ပုံလေးရိုက်ထားလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
မြန်မာလုတ်