• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Thursday, January 28, 2021
No Result
View All Result

သမာအာဇီဝကျကျရှာဖွေထားတဲ့ ချွေးနည်းစာလေးနဲ့ ဆွေမျိုးလေးယောက်ကို ရှင်သာမဏေအဖြစ် သွတ်သွင်းကုသိုလ်ယူခဲ့တဲ့ နေဆန်း

We Love Cele by We Love Cele
January 11, 2021
in အနုပညာ
0

အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်တဲ့ နေဆန်းကတော့ သူ့ရဲ့ဟာသဗီဒီယိုလေးတွေနဲ့ ဘဝသရုပ်ဖော် ဗီဒီယိုလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ပါ။ အောင်မြင်လာတာနဲ့အမျှ ကြော်ငြာလေးတွေကို လက်ခံရိုက်ကူးလာရပြီး ပိုက်ဆံတွေလည်း ရှာနိုင်လာတဲ့ နေဆန်းက သူရှာဖွေရရှိသမျှ ပိုက်ဆံတွေကို မိဘတွေအတွက် လိုလေသေးမရှိဂရုစိုက်သလို အလှူအတန်းတွေကိုလည်း အမြဲမပြတ်ပြုလုပ်သူ ဖြစ်ပါတယ်။

Image may contain: 5 people, people sitting and outdoor

ဒီကနေ့မှာလည်း နေဆန်းက သမာအာဇီဝကျကျရှာဖွေထားတဲ့ ချွေးနည်းစာလေးနဲ့ ဆွေမျိုးနှစ်ယောက်ကို ရှင်သာမဏေအဖြစ် သွတ်သွင်းကုသိုလ်ယူခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

Image may contain: 3 people, people standing

နေဆန်းက ဒီယနေ့ ကိုယ့်ရဲ့ချွေးနည်းစာလေးနဲ့ အလှူလေးတစ်ခုပြုလုပ်ဖြစ်ခဲ့ပါတယ်။ ကိုယ့်ရဲ့ဆွေမျိုးတွေကို ဥပသပ္ပဒကံဆောင်ရဟန်းဘောင်သို့ ၂ ပါး ရှင်သာမဏေအဖြစ် ၂ ပါး တို့ကို မြတ်ဗုဒ္ဓရဲ့သာသ‌နာတော်ကို သွတ်သွင်းလှူဒါန်းခဲ့ပါတယ် အခုလိုလှူဒါန်းနိုင်အောင် အားပေးခဲ့ကြသော ကျေးဇူးရှင် ပရိတ်သတ်တစ်ဦးချင်းတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်နော်🙏🙏🙏🙏 ကုသိုလ်ကောင်းမှုအစုစုတို့ကိုလည်း အညီအမျှပေးဝေပါတယ် နော် 🙏🙏🙏ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

Image may contain: 3 people, people standing and outdoor

Image may contain: 7 people, people standing and sky

နေဆန်းကတော့ သူကိုယ်တိုင် သမာအာဇီဝကျကျရှာဖွေထားတဲ့ ငွေကြေးလေးတွေနဲ့ ဆွမျိုးနှစ်ယောက်ကို ရှင်သာမဏေအဖြစ် သွတ်သွင်းကုသိုလ်ယူခဲ့ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဆန်းရဲ့ ကုသိုလ်လေးကို သာဓုခေါ်ဆိုဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Image may contain: 3 people, people standing

Image may contain: 2 people, people standing, sky and outdoor

ဆယ်လီကွန်နက်ရှင်

Previous Post

သေခြင်းတရားနဲ့ အနီးကပ်ကြုံခဲ့ရတဲ့ အတွေ့အကြုံကို မျှဝေလာတဲ့ မိုးဒီ

Next Post

ကိုယ်ပိုင်စီးပွားရေးတစ်ခုကို အစပြုနေပြီဖြစ်တဲ့ သမီးကြီး Portia Maung အတွက် မေမေစမိုင်းလ်ရဲ့ မွေးနေ့ဆုတောင်း

Next Post

ကိုယ်ပိုင်စီးပွားရေးတစ်ခုကို အစပြုနေပြီဖြစ်တဲ့ သမီးကြီး Portia Maung အတွက် မေမေစမိုင်းလ်ရဲ့ မွေးနေ့ဆုတောင်း

မျှတစွာဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာလူကြီးတွေကြောင့် အချုပ်ကလွတ်လာတဲ့ ခြိမ့်ကေကိုအတွက် ထပ်တူဝမ်းသာနေတဲ့ ယုန်လေး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!