• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, March 6, 2021
No Result
View All Result

စေ့စပ်လက်စွပ်တွေကို ဘုရားလှူလိုက်တဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံ

We Love Cele by We Love Cele
January 14, 2021
in အနုပညာ
0

ပရိသတ်တွေကလည်း ပီတိဖြစ်လို့နေပါတယ်။ အဆိုတော် အိမ့်ချစ်ကတော့ သူတို့ ဇနီးမောင်နှံရဲ့ စေ့စပ်မင်္ဂလာ လက်စွပ်လေးကို မွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်တဲ့ အောင်သိဒ္ဓိဘုရားသို့ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

Image may contain: 6 people, people standing and indoor

အိမ့်ချစ်ကတော့ ခင်ပွန်းဖြစ်သူနဲ့ သူမရဲ့ စေ့စပ်လက်စွပ်တစ်စုံကို အောင်သိဒ္ဓိဘုရားသို့ လှူဒါန်းလိုက်တယ်လို့ ဆိုပါတယ်။ သူမရဲ့ ကုသိုလ်လေးကိုလည်း ပရိသတ် သိအောင် မျှဝေခဲ့ပါသေးတယ်။ ” မွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့သော အောင်သိဒ္ဓိဘုရားများကို (၇) ကြိမ်မြောက်အိမ်သို့ပင့်ဆောင်ပူဇော်ပြီး ကိုEric နဲ့ အိမ့်ချစ်တို့ရဲ့ စေ့စပ်လက်စွပ်နှစ်ကွင်းကို လှူဒါန်းခဲ့ပါသည်။ နတ်လူသာဓုခေါ်စေသော်” ဆိုပြီးတော့ ဇန်နဝါရီလ (၁၃) ရက်နေ့ နေ့လယ် ၁ နာရီကျော်ကသူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Image may contain: 1 person

Image may contain: one or more people

အိမ့်ချစ်ဟာ အလှူအတန်းနဲ့ ပတ်သက်ပြီးလက်မနှေးတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်းမှာလည်း မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်နေသူ တစ်ယောက်ပါ။ ဒါ့အပြင် ၂၀၂၀ ခုနှစ် ၆ လပိုင်း ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကိုဇော်ဝင်းလှိုင် နဲ့ အိမ့်ချစ်တို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးကိုလည်း အေးချမ်းအောင်မြေ အုတ်ခွက်ဘုရားကျောင်းမှာ ကုသိုလ်အလှူပြုလုပ်ရင်း ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။

Image may contain: one or more people

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို “ကိုယ်တိုင်ရေး ပုံတူပန်းချီ” ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ “၅၂၈” ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လ အတွင်းကလည်း သူမရဲ့ဖခင် ဦးချစ်ကောင်းရယ်၊ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရယ် သုံးယောက်ပေါင်းပြီး FG live Lounge.. ပွဲ လုပ်ခဲ့ပါသေးတယ်။

Image may contain: 2 people, people sitting

ဆယ်လီရပ်ကွက်

Previous Post

ဈာပနပို့ဆောင်ရင်း ကား ငါးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့တဲ့ ဦးကျော်သူ

Next Post

မိဘတွေကို သံသရာမှာပါမယ့် ကုသိုလ်ရေးတွေပြုလုပ်နိုင်ဖို့ လစဉ်လတိုင်း ငွေအပုံလိုက်ကြီးနဲ့ ကန်တော့ဖြစ်တဲ့ ပိုင်တံခွန်

Next Post

မိဘတွေကို သံသရာမှာပါမယ့် ကုသိုလ်ရေးတွေပြုလုပ်နိုင်ဖို့ လစဉ်လတိုင်း ငွေအပုံလိုက်ကြီးနဲ့ ကန်တော့ဖြစ်တဲ့ ပိုင်တံခွန်

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံးသတင်းဝဘ်ဆိုဒ်မှာ ကိုရီးယားအနုပညာရှင်တွေနဲ့နှိုင်းယှဉ် ဖော်ပြခံနေရတဲ့ ပိုင်တံခွန်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!