• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, February 28, 2021
No Result
View All Result

နိုင်ငံရေးဖြစ်စဉ်အပေါ် စစ်တပ်အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့သူ နေခြည်ဦး ရေးတဲ့စာ

We Love Cele by We Love Cele
February 3, 2021
in အနုပညာ
0

လတ်တလော လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်မှုများစွာ ခံနေရတဲ့ Beauty Blogger နေခြည်ဦးကတော့ လက်ရှိ နိုင်ငံရေးဖြစ်စဉ်အပေါ် စစ်တပ် မိသားစုမှာ ကြီးပြင်းလာရသူ တယောက်အနေနဲ့ သူ့ရဲ့ခံယူချက်ကို ပြောပြခဲ့ပါတယ်။ “ကျမသည် စစ်တပ် မိသားစု Background မှ ကြီးပြင်းလာသူ ဖြစ်ပါသည်။ သို့ရာတွင် ယခု ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုသည့် နိုင်ငံတော် ပုန်ကန်မှုတွင် ပါဝင် ပတ်သတ် ထောက်ခံမှုပြုသော မည်သူတဦးတယောက်ကိုမဆို ဆန့်ကျင် ရှုတ်ချပါသည်” လို့ နေခြည်ဦးက ပြောပါတယ်။

May be an image of 1 person and flower

ဆက်လက်ပြီး “ကျမသည် နိုင်ငံသားတဦး၏ ရပိုင်ခွင့်ဖြင့် မဲပေးထားသော ၂၀၂၀ ရွေးကောက်ပွဲတွင် မျှမျှတတဖြင့် အနိုင်ရရှိခဲ့သော မိမိတို့ ခေါင်းဆောင်နှင့် အစိုးရအဖွဲ့ကိုသာ လက်ခံပါမည်။ ကျမသည် အစိုးရဝန်ထမ်းတဦး မဟုတ်သော်လည်း Civil Disobedience ပြုလုပ်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော ပြည်သူ့ဝန်ထမ်း အင်ဂျင်နီယာများ၊ ပြည်သူ့ဝန်ထမ်း ဆရာဝန်များ၊ ပြည်သူ့ဝန်ထမ်း ဆရာ/ဆရာမများနှင့် အနယ်နယ် အရပ်ရပ်မှ အခြား‌သောဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် အတူတကွ ရပ်တည်သွားပါမည်” လို့ ပြောပါတယ်။

May be an image of 1 person and text that says '|SUPPORT CIVIL DISOBEDIENCE MOVEMENT'

အဆိုပါ စာများကိုတော့ “Lets Pray for Myanmar”, “I Support Civil Disobedience Movement” စာသားများပါရှိတဲ့ အနီရောင် Logo ပုံနဲ့ တင်ထားတာ ဖြစ်ပါတယ်။ ဒီပို့စ်ရဲ့အောက်မှာတော့ နေခြည်ဦးက သူ့အဖေကိုလည်း အခုလို ပြောခဲ့ပါသေးတယ်။ “ဖေဖေ၊ သမီး ဖေဖေ့ကို အရမ်းချစ်တယ်။ စစ်သား သားသမီး၊ ဖေဖေ့သမီး ဖြစ်ရတာာလည်း သမီးဘယ်တော့မှ မသိမ်ငယ်ခဲ့ရဘူး။ အခုလည်း သမီး မသိမ်ငယ်ဘူး ဖေဖေ။ မိသားစုအပေါ် ဖခင်ကောင်းတယောက်အဖြစ် ပေးဆပ်ခဲ့တာတွေ၊ ရပ်တည်ပေးခဲ့တာတွေ၊ သမီး ကျေးဇူးပြန်ဆပ်လို့ မကုန်ပါဘူး။ မဲပေးကတည်းက သမီး ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ပေးပါလို့ ပြောခဲ့တဲ့ ဖေဖေ့ကို သမီးက လေးစားပြီးသားပါ”

May be an image of 1 person, standing and outdoors

“သမီး စစ်တပ်ကိုလည်း မမုန်းဘူး။ စစ်သားတွေကိုလည်း မမုန်းဘူး ဖေကြီး။ အမှန်တရားနဲ့ တရားမျှတမှုကို အမြန်ဆုံး ပေါ်ပေါက်စေချင်လို့၊ အနိုင်ကျင့်ခံတာတွေ၊ Bully လုပ်တာ ခံနေရတာတွေကို သမီး ကိုယ်ချင်းစာလွန်းလို့ သမီးရဲ့စကား၊ သမီးရဲ့အသံကို သမီး သတ္တိရှိရှိနဲ့ ဖော်ပြလိုက်တာပါ။ သမီးကို နားလည်ပေးပါ ဖေကြီး” လို့ နေခြည်ဦးက ပြောထားပါတယ်။

May be an image of 5 people, people standing and flower

နေခြည်ဦးရဲ့ အခုလို ရပ်တည်မှုအတွက် Makeup Artist မေဦး၊ မော်ဒယ် ပိုင်တံခွန်နဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်တို့ကလည်း အားပေးခဲ့ကြပါတယ်။ နေခြည်ဦးရဲ့ Facebook အကောင့်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး Follower အရေအတွက် ၁၄ သိန်းကျော်ကနေ တရိပ်ရိပ် ကျဆင်းခဲ့ကာ အခုဆို Follower ၁၃ သိန်းကျော်ပဲ တွေ့ရပါတော့တယ်။

May be an image of 1 person, hair, standing, outerwear and suit

ဧရာဝတီလိုက်ဖ်စတိုင်

Previous Post

အငယ်ဆုံးအဖြစ်ကနေ ရာထူးတိုးတော့မှာမို့ ပျော်နေတဲ့ Ah Boy ရဲ့ သမီးလေး Scarlett

Next Post

အပြင်ထွက်လို့မရလည်း ရောက်ရာအရပ်ကနေ ဆန့်ကျင်ရင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေမယ်ဆိုတဲ့ ကိုပေါက်

Next Post

အပြင်ထွက်လို့မရလည်း ရောက်ရာအရပ်ကနေ ဆန့်ကျင်ရင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေမယ်ဆိုတဲ့ ကိုပေါက်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!