ဒါရိုက်တာ၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကိုပေါက်ကတော့ သားနှစ်ယောက်ဖခင် အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုပေါက်က မြန်မာ့ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးနဲ့ CDM လှုပ်ရှားမှုတို့မှာ ပါဝင်ဆောင်ရွက်ခဲ့တာကြောင့် ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့် ဝရမ်းထုတ်ခံထားရတာပဲ ဖြစ်ပါတယ်။ မှန်တဲ့ဘက်ကနေရပ်တည်ရင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိတဲ့ ကိုပေါက်က ရောက်ရာအရပ်ကနေ အာဏာရှင်ကို ဆန့်ကျင်သွားမယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
ကိုပေါက်က အပြင်ထွက်လာလို့မရရင်လည်း ရောက်ရာအရပ်က အာဏာရှင်ကိုဆန့်ကျင်မယ်။ CDM ကိုအင်အားကျမသွားအောင် ဝန်ထမ်းများကူညီပေးကြပါ🙏🙏🙏 အရေးတော်ပုံကြီးအောင်တော့မှာပါ။ အားမကုန်စေနဲ့ အားတင်းထား။ဆိုပြီး အပြင်ထွက်လာလို့မရလည်း ရောက်ရာအရပ်ကနေ ဆန့်ကျင်ရင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေမယ်ဆိုတဲ့အကြောင်း ပြောလာပါတယ်။
ကိုပေါက်က သူကိုယ်တိုင် အပြင်ထွက်လာလို့မရပေမယ့် ရောက်ရာအရပ်ကနေ ဆန့်ကျင်ရင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပြီး CDM ကိုလည်း Support လုပ်သွားမှာ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။
ဆယ်လီကွန်နက်ရှင်