ရုပ်ရှင်ဇာတ်ဝင်ခန်း တစ်ခုအတွက် သီလရှင်ဝတ်လိုက်တဲ့ အကယ်ဒမီ စိုးပြည့်သဇင်

သရုပ်ဆောင် အကယ်ဒမီ စိုးပြည့်သဇင်တစ်ယောက်ကတော့ ရုပ်ရှင်ဇာတ်ဝင်ခန်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် သီလရှင်ခေတ္တဝတ်လိုက်ပါတယ်။ အေးချမ်းတဲ့ အလှပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ စိုးပြည့်သဇင်တစ်ယောက် ဒီလိုဆိုတော့ အတိုင်းထက်အလွန် ကျက်သရေရှိနေတာ တွေ့ရမှာပါ။

ကမ္မဖလ ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေတာဖြစ်ပြီး ပြေတီဦးရောပါဝင်တဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ အကယ်မီ စိုးပြည့်သဇင်က သီလရှင်ဝတ်လေးနဲ့ သရုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ထောင်ကျနေတဲ့ ပြေတီဦးနဲ့ တည်ငြိမ်နေတဲ့ စိုးပြည့်သဇင်တို့ရဲ့ ဇာတ်ရုပ်က ရိုက်ကွင်းမှာတင် စွဲဆောင်မှုရှိနေတာ တွေ့ရပါတယ်။

စိုးပြည့်သဇင်က ဆံပင်ပယ်လိုက်ခြင်းတော့ မဟုတ်ပဲ ခေါင်းစွပ်ပြုလုပ်ချက်နဲ့ ခေါင်းတုန်းထားဟန် မိတ်ကပ်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ဒီနေ့မှ စရိုက်တဲ့ ဇာတ်ကားမှာ စိုးပြည့်သဇင်က သီလရှင်လေးအဖြစ်နဲ့ ပါဝင်ထားတဲ့အတွက် ဇာတ်ကားထဲမှာ သီလရှင်ဝတ်နဲ့ ဇာတ်ဝင်ခန်းများများပါလာမယ်လို့လည်း ယူဆရပါတယ်။

စိုးပြည့်သဇင်က ခုတော့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ မြန်မာစာဒုတိယနှစ် တက်နေတာ ဖြစ်ပါတယ်။ သူမက ၂ဝဝ၉ ခုနှစ်မှာ “မိုးညအိပ်မက်မြူ” ဇာတ်ကားနဲ့ ဇာတ်ပို့အကယ်ဒမီရခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။
Photos:Soe Pyae Thazin

%d bloggers like this: