“အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ် ” လို့ဆိုတဲ့ ခိုင်နှင်းဝေ…

0
58

အမျိုးသမီးတွေဆိုတာဟိုးအရင်တည်းက အနိုင့်ကျင့်စော်ကားခံရတဲ့ဘက်က အဲ့တာကြောင်းလည်းအားနွဲ့တဲ့မိန်းကလေးတွေလို့ စကားပုံတောင်ရှိသေးတာပဲ

အဲ့တော့အခုချိန်တွေထိလည်း အားနွဲ့တဲ့မိန်းကလေးတွေအပေါ်ကိုအနိုင်ကျင့်စော်ကားတာတွေဖြစ်နေတယ်ဆိုတော့ တော်တော်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ့်ဆွေမျိုးသားချင်းတစ်ယောက်ဆုံးရှူံးရသလို မိန်းမချင်းလည်းကိုယ်ချင်းစာတယ် ဘာလို့လဲဆိုတော့ မသေဆုံးခင်မှာဘယ်လောက်ထိနာကျင်ရမလဲပေါ့ ဒါကိုယ့်ဘာသာတွေးကြည့်တဲ့အခါမှာတော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်။

 

 

ဒီလိုမျိုးတွေထပ်ပြီးတော့မကြုံရအောင်လည်းဆုတောင်းပေးပါတယ် ပြီးတော့အမတို့မြန်မာနိုင်ငံမှာရှိတဲ့သူတွေအားလုံးက အမျိုးသမီးတွေကိုဘာလို့အဲ့လောက်ရက်စက်ချင်ကြတာလဲ အမစဉ်းစားလို့မရဘူး အမျိုးသားတွေဘက်ကလည်းဒီလိုမျိုးတွေမဖြစ်အောင်ထိန်းသိမ်းပေးပါလို့ အမမေတ္တာရပ်ခံပါတယ်။ ပရဟိတ လုပ်ငန်းတွေမှာဆိုရင်ကလေးတွေကူညီစောင့်ရှောက်တာအပြင် အမျိုးသမီးတွေဘက်ကရောနောက်ပြီးတော့ဒီ Single Mother တွေအတွက် ရော အမ နောက်ထပ်ထပ်ပြီးတော့လုပ်ငန်းတွေတိုးချဲ့ပြီးတော့လုပ်ဆောင်သွားဖိုကလည်းရှိပါတယ်…