“အပြစ်ကို ဝန်မခံဘူးဆိုရင် အဆုံးစွန်ထိ တရားစွဲဆိုသွားမယ်” လို့ ပြောလိုက်တဲ့ ဒိန်းပိုပိုဒေါင်

0
114

ဒီပြသနာတွေဖြစ်လာတဲ့အခါမှာခံရတဲ့မိန်းကလေးတွေကများပေမဲ့ဘယ်သူကမှ အရှေ့ကိုထုတ်ပြီးမပြောရဘူး ဘာကြောင့်လဲဆိုတော့သူတို့မှာသူတို့ရဲ့မိသားစုအရေးရှိတယ် ပတ်ဝန်းကျင်ကြောင့်တွေရှိမယ်ပေါ့နော် တစ်ခြားကိစ္စ၀ိစ္စအမျိုးမျိုးတွေရှိမယ်ပေါ့နော် ဒါကိုအမတစ်ယောက်ကပဲ အမှု့ဖွင့်ထားတယ် အဲ့အမကိုလည်းသနားတယ်။ မသိရင်သူတစ်ယောက်တည်းကပဲခံရသလိုဖြစ်နေတယ်ဆိုတော့ညီမကပါသူတစ်ယောက်တည်းအားငယ်နေမှာစိုးလို့အမှု့ဖွင့်သွားမှာပါ။ တရားစွဲထားတာတော့အားလုံး ၄ ယောက်ရှိမယ်သက်သေလိုက်ပေးဖို့ကတော့အများကြီးပဲရှိတယ်။

သူ့ဘက်ကပြန်ဖြေရှင်းတဲ့အပေါ်မှာသူ့ကိုမနာလိုလို့ အပုတ်ချတယ်လို့ပြန်ဖြေတာကတော့အရမ်းကိုဟာသဆန်တယ် ဘာကြောင့်လဲဆိုတော့ ညီမတို့နဲ့ သူ့ကိုတရားစွဲဆိုထားတဲ့မိန်းကလေးတွေနဲ့က အလုပ်ချင်းတူသလား အလုပ်ချင်းတူလို့မနာလို့တာဆိုရင်ထားပေါ့နော်။ဘာပဲယှဉ်ယှဉ်ပေါ့နော် မိန်းကလေးတွေအနေနဲ့ပတ်ဝန်းကျင်တွေရှိတယ် မဟုတ်ပဲနဲ့မပြောဘူး။ သူက Eleven Media က ကိုဖြိုးဝေလင်းကိုတရားစွဲထားတယ်သူတင်လို့ Media မှာပွသွားတယ်ဆိုပြီး အမှန်ကသူဆွဲရမှာက သူ့အကြောင်းကို အရင်ဦးဆုံးပြောတဲ့မူရင်းလူကိုပဲစွဲရမယ် သူမစွဲဘူးဘာကြောင့်လဲတော့သူပဲသိမှာပေါ့နော်။ နောက်ပြီးတော့သူကပြောတယ် လုပ်နေတဲ့အချိန်မှာဘာလို့မအော်လဲလုပ်ပြီးတဲ့အချိန်မှာဘာလို့မတိုင်လဲတဲ့ အဲ့တာညီမမှာဖြေရှင်းဖို့အချက် ၂ ချက်ရှိပါတယ် ။

လုပ်နေတဲ့အချိန်မှာဘာလို့ခံလဲ ဆိုတော့ သူကမလုပ်ခင်မှာမိန်းကလေးတွေကို ညီမနည်းတူပဲ ငါကနင့်ကိုမွေးရင် နင်ကငါ့ရဲ့ မြေးအရွယ်သမီးအရွယ်ပဲရှိတယ် နင့်လိုပဲအရှေ့မှာ တခြားမိန်းကလေးတွေကိုအဲ့လိုလုပ်ပေးခဲ့လို့အဆင်ပြေသွားတာတွေရှိတယ် နင်ကဘာကိုကြောက်နေတာလဲရှက်နေတာလဲ တဲ့ အဲ့လိုဆိုတော့ကိုယ့်မှာစဉ်းစားစရာဖြစ်သွားတယ်။ သြော်အရှေ့မှာလည်းဒီလိုမျိုးလုပ်ခဲ့တယ် ငါမှမလုပ်ရင်ငါများကြီးကျယ်သလိုဖြစ်သွားမလား။ ညီမကတော့မစဉ်းစားတတ်သေးတဲ့အရွယ်ဆိုတော့ဟုတ်မှာပါလေဆိုပြီးငြိမ်ခံလိုက်တာရှိတယ်။ အဲ့ချက်ကြောင့်မို့လို့သူလုပ်တာကိုငြိမ်ခံလိုက်တယ်။ နောက်တစ်ချက်က သူကဘာလို့မတိုင်လဲလို့ပြောတယ်.. ရှင်းရှင်းလေးပါ ညီမလိုပဲတစ်ခြားမိန်းကလေးတွေကိုသူပြောတာရှိတယ်ဒါမျိုးလုပ်တာကိုတစ်ခြားတစ်ယောက်ယောက်ကိုပြောရင် ယတြာပျက်မယ်လို့ပြောတော့ ဘယ်မိန်းကလေးကပြောရဲမှာလည်း။ဒါသက်သေပါပဲညီမအတွက် ခိုင်လုံတဲ့သက်သေ ၂ ချက်ပါ။နောက်တခုက သူကပြောတယ် သူအဲ့လိုလုပ်တာကို Video တွေဘာလို့မရိုက်တာလဲဆိုရင် မိန်းကလေးအများစုက သူပြောခဲ့တဲ့စကားအတိုင်းပဲ ဗေဒင်ကိုယုံကြတယ် ယုံလို့လာမေးကြတာ သူအဲ့လိုလုပ်တယ်ဆိုတာကို မသိလို့လာမေးတာ သိရင် ဘယ်မိန်းကလေးမှ သိက္ခာအကျခံပြီး အကိုင်ခံ အနှိုက်ခံပြီးတော့ လာမေးမှမဟုတ်ဖူးမသိလို့မေးတဲ့အတွက်ကြောင့်မို့ ဘယ်သူကမှ ကြိုတင်ပြီးတော့ စဉ်းစားမိမှာမဟုတ်ဖူး သူက ဗီဒီယိုတွေ အော်ဒီယိုတွေရှိမှ ဝန်ခံမယ်ဆိုတော့ ကိုယ့်ကိုလုပ်မယ်ဆိုတာ မသိတဲ့ကိစ္စတခုကို ဘယ်သူကကြိုတင်ပြင်ဆင်ပြီးတော့ သွားမှာလဲဆိုတာကိုပြောချင်တယ်

အိမ်ထောင်မပြုခင် ကိုယ့်ချစ်သူနဲ့အတူ လုပ်ဖူးထားသင့်တဲ့ အရာ (၄) ခု …

နောက်ဆုံးပြောချင်တာတခုရှိတယ် အမှန်တရားကို ဘုရားနဲ့နတ်စောင့်ပါတယ် သူဘယ်လောက်ပဲလိမ်လိမ် ညီမဘက်ကနေပြီး တ၇ားရုံးတက်ရမယ်ဆိုရင် တရားရုံးထိကို တက်သွားဖို့အစီအစဉ်ရှိတယ် (၆)ရက်နေ့ကျရင် ဖေကြီးနဲ့တိုင်ပင်ပြီးတော့ အမှုသွားဖွင့်ပါမယ် သူ့ကိုတရားစွဲပါမယ် ခံ၇တဲ့မိန်းကလေးတွေနဲ့အတူတူတရားသွားစွဲမယ် တရားဥပဒေနဲ့ ဘုရားကို သူလိမ်လို့မရဘူး ဒါသူသိတယ် ဘာလို့လဲဆို ဒီဗေဒင်ကို ဘုရားကိုအားကိုးပြီးလုပ်စားနေတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူဘုရားကိုလိမ်မလား ရတယ် ဆက်လိမ် တရားဥပဒေကို သူလိမ်လို့မရဘူး ဦးနှောက်ရှိတဲ့သူမှန်သမျှ သူပြောတာကိုမှန်သလား ဒီမိန်းကလေးတွေပြောတာကိုမှန်သလား အင်တာဗျူးထားတဲ့ဟာကို နှိုင်းယှဉ်ပြီးတော့ ကြည့်လိုက်ရင် ဆုံးဖြတ်တတ်တယ်

Source-Myanmar Celebrity

Photos-Myat Noe Oo