ကင်ဆာရောဂါသည် ကလေးငယ်လေးကို ဆေးကုသပေးနေတဲ့ ခိုင်နှင်းဝေ

0
40

ပရဟိတမင်းသမီးအဖြစ် ပရိသတ်တွေ တင်စားခေါ်ဆိုတဲ့ မင်းသမီး ခိုင်နှင်းဝေကတော့ အရိုး ကင်ဆာရောဂါဝေဒနာကို ခံစားနေရတဲ့ ကလေးမလေးတစ်ဦးကို ဆေးကုသပေးနေတယ်လို့ သိရပါတယ်..။

 

ယနေ့ ဖေဖော်ဝါရီ(၁၂)ရက်နေ့လေးမှာတော့ ကင်ဆာရောဂါသည် ကလေးမလေးဆီ သွားရောက်ပြီး အားပေးစကားများ ပြောခဲ့တယ်လို့ ဆိုပါတယ်..။

ကလေးငယ်လေးရဲ့ ကျန်းမာရေး အခြေအနေကြောင့် စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းလေးကိုလည်း ခိုင်နှင်းဝေက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

“ကျမ ဆေးကုသပေးနေသော အရိုးကင်ဆာရောဂါ ခံစားနေရသော သမီးလေးဆီ ဒီနေ့သွားရောက်ခဲ့ပါတယ်.. သမီးလေးက အရင်က ဆံပင်အရှည်လေး .အခု ကင်ဆာဆေးသွင်းနေရတော့ ဆံပင်တွေ ကျွတ်လို့ ကတုံး လေးတုံးထားရတယ်..

ဒီသမီးလေးက မြစ်ကြီးနားကနေ ရန်ကုန်ကို ဆေးကုဖို့လှမ်းခေါ်ခဲ့တယ်.. သမီးလေးကို ဆေးကုသစရိတ်. သူတို့မိသားစုနေစရိတ်. စားစရိတ်အားလုံး ကျမ ထောက်ပံ့ပေးနေပါတယ်..

အခု ကင်ဆာရောဂါကြောင့် ခြေထောက်တဖက်လဲ ဖြတ်လိုက်ရပြီ. အဆုတ်ထဲမှာလဲ ကင်ဆာဆဲလ်တွေပျံ့နှံ့နေတယ်.. ကျမရင်ထဲ မကောင်းလိုက်တာ.. ဒီနှစ် ၅ တန်းတက်ရမှာ မတက်လိုက်ရလို့ စိတ်မကောင်းဖြစ်နေတဲ့ သမီးလေးကို နေကောင်းရင် ကျောင်းဆက်တက်ရမယ်လို့ ကျမအားပေးခဲ့ပေမဲ့ ကျမရင်ထဲ အားမရှိဘူးဖြစ်နေတာကို သမီးလေးမရိပ်မိအောင် ကြိုးစားနေခဲ့တယ်..

သမီးလေးနာမည်က နန်းဆုပြည့်ဝင်းတဲ့.မျက်နှာလေးကနန်းဆန်ပြီး ဆုတောင်းတွေပြည့်ပါစေသမီးလေးရယ်…” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

 

 

မင်းသမီး ခိုင်နှင်းဝေကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားသလို လှူဒါန်းမှုတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ်နဲ့ လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

ထို့ပြင် ကလေးသူငယ်လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံထားရသူဖြစ်ပြီး နောက်ပိုင်းမှာလည်း အမျိုးသမီးများနဲ့ ကလေးငယ်တွေအတွက်လည်း အမြဲ ပါဝင်ကူညီဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်..။

Source – ခိုင်နှင်းဝေ fb

Credit – MyanmarLoad