Myanmar Idol Season 3 ရဲ႕ Winner ဆုရွင္ ၿဖိဳးျမတ္ေအာင္ နဲ႔ အကယ္ဒမီ ဆုရွင္ ပိုင္ၿဖိဳးသုတို႔က စက္တင္ဘာလ ၅ ရက္ေန႔မွာ ေၾကာ္ျငာအတူ ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။ ၿဖိဳးျမတ္ေအာင္နဲ႔ ပိုင္ၿဖိဳးသုတို႔ ပါဝင္႐ိုက္ကူးတဲ့ ေၾကာ္ျငာကို ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္က ႐ိုက္ကူးေပးေနတာျဖစ္ၿပီး ေၾကာ္ျငာကေတာ့”ဧကရာဇာ” ဓာတ္ေျမၾသဇာ ေၾကာ္ျငာလို႔ သိရပါတယ္။
“ၿဖိဳးျမတ္ေအာင္နဲ႔ ဧကရာဇာ ေၾကာျငာေလး႐ိုက္ကူးျဖစ္တာပါ။ အဆင္ေျပပါတယ္။ သူ သ႐ုပ္ေဆာင္တာလည္း ေကာင္းပါတယ္။ Myanmar Idol သိပ္ မၾကည့္ျဖစ္ဘူး။ ရႈတင္ေတြနဲ႔ ဆိုေတာ့ သိပ္မၾကည့္ျဖစ္ဘူး။ မဆုန္သင္းနဲ႔ ၿဖိဳးျမတ္ေအာင္ ဆိုတုန္းကေတာ့ ၾကည့္ျဖစ္တယ္။ ေၾကာ္ျငာ႐ိုက္တုန္းကေတာ့ အခက္အခဲေတာ့ သိပ္မရွိပါဘူး။ မိုး႐ြာတာနဲ႔ ဦးေမာင္လိုခ်င္တဲ့ ပုံစံေလးေတြရေတာ့ အဆင္ေျပပါတယ္” လို႔ ပိုင္ၿဖိဳးသုက ေျပာပါတယ္။ ပထမဆံုးသရုပ္ေဆာင္ရတာျဖစ္တဲ့ ျဖိဳးျမတ္ေအာင္အတြက္ ပိုင္ျဖိဳးသုရဲ႕ သရုပ္ေဆာင္တာ ေကာင္းတယ္ဆိုတဲ့ ခ်ီးက်ဴးစကားၾကားရတာေတာ့ အေတာ္ေလးကိုဝမ္းသာဂုဏ္ယူစရာလည္းျဖစ္ပါတယ္။
“ဧကရာဇာ” ေၾကာ္ျငာကိုေတာ့ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္ ႐ိုက္ကူးတာျဖစ္ၿပီး သူ႔ Facebook မွာလည္း “ေၾကာ္ျငာ႐ိုက္ကူးဖို႔ ခ်ိန္းထားသည့္ မနက္ ၆နာရီမွာ အေရာက္ လာေပးတဲ့ အတြက္ အထူးပင္ ဝမ္းေျမာက္ ေက်းဇူးတင္ရွိတယ္” လို႔ ဆိုထားပါတယ္။
“ယေန႔ ႐ိုက္ကူးမည့္ ေၾကာ္ျငာအတြက္ သ႐ုပ္ေဆာင္ အကယ္ဒမီ ပိုင္ၿဖိဳးသုႏွင့္ Myanmar Idol Winner ၿဖိဳးျမတ္ေအာင္၊ ႐ိုက္ကူးေရးအတြက္ Camera Man အဖြဲ႕ Lighting အဖြဲ႕ Jip Crain အဖြဲ႕ စက္ဖြဲ႕သားမ်ား အားလုံး စုရပ္ေနရာသို႔ ခ်ိန္းထားသည့္ မနက္ ၆နာရီတြင္ အေရာက္ လာေပး သည့္အတြက္ အထူးပင္ ဝမ္းေျမာက္ ေက်းဇူးတင္ရွိအပ္ပါသည္” လို႔ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္က ေက်းဇူးတင္စကား ဆိုထားပါတယ္။
Myanmar Idol Season 3 Winner အဆိုရွင္ ၿဖိဳးျမတ္ေအာင္ကေတာ့ လက္ရွိမွာ ေဖ်ာ္ေျဖပြဲေတြနဲ႔ ေၾကာ္ျငာေတြကို လက္ခံ႐ိုက္ကူးေနၿပီး ပိုင္ၿဖိဳးသုကေတာ့ ႐ုပ္ရွင္ဇာတ္ကားမ်ားကို ႐ိုက္ကူးေနသူ တေယာက္ ျဖစ္ပါတယ္။
မွတ္ခ်က္-ဧရာဝတီသတင္းဌာန စာမ်က္ႏွာမွတဆင့္ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။
Unicode
Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင် နဲ့ အကယ်ဒမီ ဆုရှင် ပိုင်ဖြိုးသုတို့က စက်တင်ဘာလ ၅ ရက်နေ့မှာ ကြော်ငြာအတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဖြိုးမြတ်အောင်နဲ့ ပိုင်ဖြိုးသုတို့ ပါဝင်ရိုက်ကူးတဲ့ ကြော်ငြာကို ဒါရိုက်တာ စင်ရော်မောင်မောင်က ရိုက်ကူးပေးနေတာဖြစ်ပြီး ကြော်ငြာကတော့”ဧကရာဇာ” ဓာတ်မြေသြဇာ ကြော်ငြာလို့ သိရပါတယ်။
“ဖြိုးမြတ်အောင်နဲ့ ဧကရာဇာ ကြောငြာလေးရိုက်ကူးဖြစ်တာပါ။ အဆင်ပြေပါတယ်။ သူ သရုပ်ဆောင်တာလည်း ကောင်းပါတယ်။ Myanmar Idol သိပ် မကြည့်ဖြစ်ဘူး။ ရှုတင်တွေနဲ့ ဆိုတော့ သိပ်မကြည့်ဖြစ်ဘူး။ မဆုန်သင်းနဲ့ ဖြိုးမြတ်အောင် ဆိုတုန်းကတော့ ကြည့်ဖြစ်တယ်။ ကြော်ငြာရိုက်တုန်းကတော့ အခက်အခဲတော့ သိပ်မရှိပါဘူး။ မိုးရွာတာနဲ့ ဦးမောင်လိုချင်တဲ့ ပုံစံလေးတွေရတော့ အဆင်ပြေပါတယ်” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။ ပထမဆုံးသရုပ်ဆောင်ရတာဖြစ်တဲ့ ဖြိုးမြတ်အောင်အတွက် ပိုင်ဖြိုးသုရဲ့ ချီးကျူးစကားကြားရတာတော့ အတော်လေးကိုဝမ်းသာဂုဏ်ယူစရာလည်းဖြစ်ပါတယ်။
“ဧကရာဇာ” ကြော်ငြာကိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးတာဖြစ်ပြီး သူ့ Facebook မှာလည်း “ကြော်ငြာရိုက်ကူးဖို့ ချိန်းထားသည့် မနက် ၆နာရီမှာ အရောက် လာပေးတဲ့ အတွက် အထူးပင် ဝမ်းမြောက် ကျေးဇူးတင်ရှိတယ်” လို့ ဆိုထားပါတယ်။
“ယနေ့ ရိုက်ကူးမည့် ကြော်ငြာအတွက် သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုနှင့် Myanmar Idol Winner ဖြိုးမြတ်အောင်၊ ရိုက်ကူးရေးအတွက် Camera Man အဖွဲ့ Lighting အဖွဲ့ Jip Crain အဖွဲ့ စက်ဖွဲ့သားများ အားလုံး စုရပ်နေရာသို့ ချိန်းထားသည့် မနက် ၆နာရီတွင် အရောက် လာပေး သည့်အတွက် အထူးပင် ဝမ်းမြောက် ကျေးဇူးတင်ရှိအပ်ပါသည်” လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ကျေးဇူးတင်စကား ဆိုထားပါတယ်။
Myanmar Idol Season 3 Winner အဆိုရှင် ဖြိုးမြတ်အောင်ကတော့ လက်ရှိမှာ ဖျော်ဖြေပွဲတွေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေပြီး ပိုင်ဖြိုးသုကတော့ ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးနေသူ တယောက် ဖြစ်ပါတယ်။
မှတ်ချက်-ဧရာဝတီသတင်းဌာန စာမျက်နှာမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။