• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Thursday, January 28, 2021
No Result
View All Result

လိပ်ကျွန်းလူသတ်မှု ဝင်းနှင့်ဇော်ဘက်မှ သဲလွန်စဖော်ထုတ်ပေးခဲ့သည့် CSILA ဖေ့စ်ဘွတ်ခ်အတ်ဒ်မင် ဖမ်းဝရမ်းထုတ်ခံရ

We Love Cele by We Love Cele
September 7, 2018
in ပြည်ပသတင်း
0

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၄ နှစ်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူ မြန်မာလူငယ် ၂ ဦးဘက်ကနေ တရားမျှတမှုရရှိရေး ဖြစ်ရပ်မှန်သဲလွန်စတွေ ဆွဲထုတ်ဖော်ပြခဲ့တဲ့ CSILA ဖေ့စ်ဘွတ်ခ် အက်ဒ်မင် နိုင်းပရမုခ် အနန္တဆင် ခေါ် ဒေးဗစ်ကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့က စက်တင်ဘာ ၃ ရက်မှာ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ဖမ်းဝရမ်းထုတ်ရတဲ့ အကြောင်းကတော့ မြန်မာလူငယ်အမှုနဲ့ မသက်ဆိုင်ဘဲ ပြီးခဲ့တဲ့ ဇွန်လက ခိုတောင်ကျွန်းကို အလည်လာတဲ့ ဗြိတိန်နိုင်ငံသား မိန်းကလေးတဦး မုဒိမ်းကျင့်ခံရတဲ့ အကြောင်းနဲ့ ပတ်သက်နေတာပါ။

အသက် ၁၉ နှစ်ရွယ် ဗြိတိန်မိန်းကလေး မဲမ် (အမည်ရင်းမဟုတ်) ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်ညက ကမ္ဘာလှည့်ခရီးသည် ယောက်ျားလေးသူငယ်ချင်း ၄ ဦးနဲ့အတူ ခိုတောင်ကျွန်း စိုင်ရီကမ်းခြေမှာ သောက်စားကြရင်း သတိမေ့သွားကြောင်း၊ သူမ သတိရလာချိန် သဲသောင်ပြင်မှာ တဦးတည်းကျန်ရစ်ပြီး မုဒိမ်းကျင့်ခံထားရတာကို သိရတဲ့အတွက် သူမကို ဆေးခတ်ပြီး မုဒိမ်းကျင့်ခဲ့တဲ့ တရားခံကို ရှာဖွေအရေးယူပေးဖို့ သူမရဲ့ အတွင်းခံဝတ်စုံကို သက်သေအဖြစ် အပ်နှံကာ ရဲကိုတိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့် သူမရဲ့တိုင်ချက်ကို ရဲက တယ်လီဖုန်းနဲ့ ငွေ ၃၀၀၀ အခိုးခံရမှု အနေနဲ့ပဲ အမှုဖွင့်ထားပြီး အရေးတယူ ဆောင်ရွက်ပေးတာ မရှိကြောင်း သူမက မိခင်နိုင်ငံပြန်ရောက်ပြီးနောက် နိုင်ငံခြားသတင်းဌာနတွေကို တိုင်ကြားခဲ့ပါတယ်။

အဲဒီအမှုမှာ CSILA ဖေ့စ်ဘွတ်ခ် စာမျက်နှာကလည်း မိန်းကလေးဟာ မတရားမှုကို ခံရကြောင်း၊ ထိုင်းရဲတွေ တာဝန်မဲ့ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

အဲဒီအကြောင်းတွေ မီဒီယာမှာ ပြန့်သွားပြီးတဲ့နောက် ပြီးခဲ့တဲ့လက ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်ကိုယ်တိုင် ခိုတောင်ကျွန်းကို ရောက်ရှိလာပြီး မိန်းကလေး အမှန်တကယ် မုဒိမ်းကျင့်ခံရခြင်းရှိမရှိ သေချာစစ်ဆေးဖို့ အမိန့်ပေးသွားပါတယ်။

ခရိုင်ရဲနဲ့ နယ်မြေခံရဲတွေက ပတ်ဝန်းကျင်အနေအထား၊ စီစီတီဗွီကင်မရာနဲ့ လူသက်သေတွေ စစ်ဆေးမေးမြန်းပြီး မိန်းကလေး မုဒိမ်းကျင့်ခံရကြောင်း သက်သေရှာမတွေ့တဲ့အတွက် ဒီအကြောင်းကို ဖော်ထုတ်ရေးသားသူ CSILA နဲ့ ဆမွီထဲမ်း ဖေ့စ်ဘွတ်ခ်အကောင့်အတ်ဒ်မင် ၂ ဦးကိုရော၊ ဒီသတင်းကို ထပ်မံဖြန့်ဝေသူ ထိုင်းလူမျိုး ၁၂ ဦးကိုပါ ထိုင်းနိုင်ငံရဲ့ပုံရိပ်နဲ့ ဂုဏ်သိက္ခာထိခိုက်အောင် မဟုတ်မမှန် သတင်းဖြန့်ဝေမှု၊ ကွန်ပျူတာဥပဒေနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

လောလောဆယ် သတင်းထပ်ဆင့်ဖြန့်ဝေသူ ထိုင်းလူမျိုး ၁၀ ဦးကို ဖမ်းဆီးထားပြီဖြစ်ပြီး CSILA အက်ဒ်မင်နဲ့ ဆမွီထဲမ်းအက်ဒ်မင်တို့မှာ နိုင်ငံခြားမှာရှိနေတဲ့အတွက် ဖမ်းဆီးလို့မရသေးဘဲ သက်ဆိုင်ရာသံရုံးကို အကြောင်းကြားထားတယ်လို့ စူရတ်ဌာနီခရိုင် ဒုရဲမှူးကြီး ချိတ်ဖုန်း ချူးပရီချာက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် မဟုတ်မမှန် သတင်းတိုင်ကြားသူ ဗြိတိန်မိန်းကလေး မဲမ်ကိုလည်း နာမည်ပျက်စာရင်းသွင်းပြီး ထိုင်းနိုင်ငံထဲဝင်ခွင့် ပိတ်ပင်မယ်လို့ ဆိုပါတယ်။

လက်ရှိအမေရိကန်မှာနေထိုင်သူ CSILA အက်ဒ်မင်ကတော့ သူ့အနေနဲ့ နစ်နာသူ မိန်းကလေး တရားမျှတမှုရရေးအတွက် ရေးသားခြင်းသာဖြစ်လို့ သူ့မှာအပြစ်မရှိကြောင်း၊ လာရောက်အဖမ်းခံဖို့လည်း မရှိကြောင်း၊ ထိုင်းနိုင်ငံ တည်ငြိမ်မှုရှိတဲ့အခါမှ တရားခွင်မှာ လာရောက်ရင်ဆိုင်မယ်လို့ သည်နေးရှင်းသတင်းထောက်ကို ပြောသွားပါတယ်။

မုဒိမ်းကျင့်ခံရကြောင်း တိုင်တန်းသူ မိန်းကလေးမှာ ဆယ်ကျော်သက်ဖြစ်၍ ထိုင်းသတင်းဌာနက အမည်ရင်းကို ထိန်ချန်ထားပါတယ်။

မှတ်ချက်-ဒီဗီဘီစာမျက်နှာမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

ညီမဖြစ်​သူနဲ့ သူမအကြား ​သွေးထိုး​ပေးတဲ့လူ​တွေကို တုံ့ပြန်​လိုက်​တဲ့​နေခြည်​ဦး

Next Post

ဖြိုးမြတ်အောင်ကို ချီးကျူးလိုက်တဲ့ အကယ်ဒမီ ပိုင်ဖြိုးသု

Next Post

ဖြိုးမြတ်အောင်ကို ချီးကျူးလိုက်တဲ့ အကယ်ဒမီ ပိုင်ဖြိုးသု

(၁၀) နှစ်ကျော် တိတ်တခိုး ချစ်ခဲ့ရတဲ့ ကောင်လေးကို ရုတ်တရက် ဖွင့်ချပြလိုက်တဲ့ ဟန်နာယူရီ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!